Part 15

717 104 17
                                    

"ကျစ်! "

ညတုန်းက သူအများကြီးသောက်ထားတာကြောင့် ခေါင်းကမူးနောက်နောက်နဲ့သိပ်မကြည်..အဲ့အပြင် သူဘယ်လိုအိမ်ပြန်ရောက်လာမှန်းတောင် သူမသိ"

"What the f*ck!"

သူထမယ်အလုပ်မှာ သူ့ခါးကိုတင်းကြပ်စွာ ဖက်ထားတဲ့လက်တစ်စုံကြောင့် Seokjinလန့်ပြီး ပါးစပ်ကယောင်ဆဲမိသည်။ သေချာသူ့ကိုယ်သူသတိထားမိတော့ သူ့ကိုယ်ပေါ်မှာအ၀တ်လည်းမရှိ၊ သူ့ခေါင်းထည်းမှာ အကုန်ဘလာတွေဖြစ်ကုန်ပြီ..အကြောင်းရင်းက သူ့ဘေးမှာအိပ်နေတဲ့ Jungkookကြောင့်ပင်..

"Jung..Jungkook!"

"........."

"Jungkookထအုံး!"

"ကိုကိုရာ ကျတော် အိပ်ချင်သေးတယ်"

"ဘာ!!!"

Seokjinတကယ် သူဘာမှစဥ်းစားမရတော့ဘူး၊ Jungkookပြောပုံအရဆို ညတုန်းက သူတို့..

"Jungkook! မင်းထစမ်း! "

"ညကကိုကိုကြောင့်  ကျတော်ထမရဘူး! "

မျက်ရည်တွေ၀ဲပြီး ပြောလာတဲ့ Jungkookကြောင့် သူဘာတွေ လုပ်မိတာလဲ..

"ည..ညတုန်းက ငါတို့..ငါတိုဟိုဒင်းဟိုဟာဖြစ်ခဲ့တာလား"

"ဟုတ်တယ် ဟင့်! အီးးကျတော်က ကိုကိုမူးနေလို့ အိမ်ပြန်ပို့ပေးတာကို ဟင့် ကိုကိုက"

သူ့ရှေ့က Jungkookဟာ ပြောနေရင်း ငိုလာတာကြောင့် Seokjin ခြေမကိုင်မိ လက်မကိုင်မိ၊ ငါဘာလုပ်ခဲ့မိတာလည်း။ ငါညက သူ့ကို..

"မ..မင်ိုနဲ့~ ငါ..ငါ"

"အီးး မေမေရေ သားအဖြစ်ကိုလာကြည့်ပါအုံး ဟင့်"

"ငါ..ငါတောင်းပန်ပါတယ်"

"ဟင့် ဒီကိစ္စက တောင်းပန်ရုံနဲ့ရမယ်တဲ့လား သွားပါပြီ ကျတော့်ဘ၀ကတော့ အီးး"

"ငါ..ငါဘာလုပ်ပေးရမလည်း"

"တာ၀န်ယူ!"

"ဟမ်?"

"ဗြဲးးးတာ၀န်ယူပါဆို လူကို လုပ်တုန်းကလုပ်ပြီးတော့ တာ၀န်တော့မယူချင်ဘူး"

"မ..မဟုတ်ဘူးလေ Jungkook~"

"မသိဘူး..မသိဘူး ခင်ဗျားကြီးက စားပြီးနားမလည်း ၀ါးပြီးထွေးထုပ်လုပ်ချင်နေတာလား ဟင့်..ဟင့်~ "

Hyung is my HusbandWhere stories live. Discover now