အသွင်အပြင်ကိုကြည့်လျှင်ပင် ကြွေရုပ်လေးတစ်ရုပ်လို မထိရပ်မကိုင်ရက်စရာနှင့် အလှအပလေးက ကြေးကြီးပေး၍ ငှားရမ်းရသည့် ပုံပြောသူလေးပင်။ အလှအပကို ငေးဖို့ပင် ကျေးညိုဆိုသည့် အလှလေးလား လာရောက်၍ တကူးတက ကြည့်သူများကလည်း နေ့စဉ်မပြတ်ရှိသေး၏ ။

ကျေးညို၏ အလှအပတွင် သက်ဆင်းရသူတွေထဲ အခရာရဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း အပါအ၀င် ။ အလှအပလေးနှင့် တစ်ညအိပ်ရဖို့ ကြိုက်ကြေးမပယ်မည့် သူများချည်း ။ သို့သော်ငြား ဆောင်ကြာမြိုင်ပိုင်ရှင်၏ ပြောစကားကြောင့် ထိုလူများပင် မက အခရာပါ ပါးစပ်အဟောင်းသားဖြစ်ရ၏ ။

ကျေးညိုဆိုသည့် ကောင်လေးသည်က
မွေးကတည်းက သားအိမ်ပါလာခဲ့သည်မို့ လိင်ဆက်ဆံရင် ဗိုက်ကြီးနိုင်သည်တဲ့ ။ သူတို့လည်း ပိုက်ဆံကိုကြိုက်ပေမဲ့ ကလေးတွေ
ရလာရင် ရှုပ်ရှုပ်ရှက်ရှက်တြွေဖစ်ရပြီး သူတို့ဆောင်ကြားမြိုင်ရဲ့ လာဘ်ခေါ်ရုပ်လေး အလှပျက်သွားမည်စိုး၍ ထိုအရာများလက်မခံသေးပါတဲ့လေ ။

ပုံပြောဖို့ ငှားမယ်ဆိုရင်တော့ ရပါသည်တဲ့။ လိင်ဆက်ဆက်ဆံတာကလွဲရင် ကျန်တာအကုန်လုပ်ရတယ်ဆိုပဲ ။ ဘယ်လောက်တောင် အံ့ဩစရာကောင်းတဲ့ဖြစ်ရက်လဲဆိုတာ အခရာ့မှာ တစ်ညလုံး အဲ့ကောင်လေးအကြောင်း ခေါင်းထဲက မထုတ်နိုင်ခဲ့။

ထိုကောင်လေး၏ အလှအပကြောင့်တော့မဟုတ် ။ ယောက်ျားတစ်ယောက်က ကလေးမွေးနိုင်သည်တဲ့လား ။ ဘိလပ်မှာ ပညာသွားသင်ခဲ့တာတောင် အဲ့သည်လိုကိစ္စမျိုး မကြားဖူးခဲ့ ။ အခုက ယောက်ျားတစ်ယောက်က သူ့ရဲ့မျိုးဆက်ကို ထိန်းသိမ်းဖို့ ကလေးမွေးပေးမည်ဆိုလျှင် သူက လိုလိုလားလားပင် လက်ခံလိုက်မည်သာ ။ အောက်တန်းလွှာက အမျိုးသားတစ်ယောက်ရဲ့သွေးနဲ့ စပ်ယှက်ရမှာ ချင့်ချိန်စရာဖြစ်နေပေမဲ့ မျိုးဆက်မပျက်ဖို့ကသာ အရေးကြီးသည်ပဲလေ ။

အခရာဟာ ကျေးညိုကို အဘိုးများများပေးပြီး အပိုင်ဝယ်ခဲ့သည် ။ အိမ်ကို ခေါ်လာတဲ့ နေ့မှာ ကောင်လေးဟာ အနွယ်တော့်ကို ကျေးဇူးတင်စကားတွေ တဖွဖွဆိုနေခဲ့၏။ ပြီးတော့ အခရာ့ကိုလည်း ကျေးဇူးရှင်တစ်ယောက်လို သခင်တစ်ယောက်လို ကျိုးနွံလာခဲ့သည်။ ဘယ်သူမှ မသိအောင် အကျဉ်းချုပ်လုပ်လိုက်တဲ့ လက်ထပ်ပွဲလေးကိုလည်း ကောင်လေးက မငြိုငြင်ခဲ့ ။ ငြိုငြင်ခွင့်မရှိသည်ကို သတိပေးစရာမလိုဘဲ အလိုက်သိနေသောကြောင့်လည်း အခရာ သဘောတွေ့မိ၏။

အရေးအပိုင်မင်းအား အပိုင်ကြံခြင်းWhere stories live. Discover now