6 [End]

1.5K 137 6
                                    

Unicode

စာမေးပွဲ အောင်စာရင်းထွက်လာတော့
JungKookမှန်းထားသည့်အတိုင်း
အဆင့်ကောင်းကောင်းဖြင့် အောင်မြင်ခဲ့
သည် ။ Jiminတို့ အတန်းဘက်ကို
သွားကြည့်တော့ Jiminနာမည်ကို
ဘယ်လိုမှ ရှာမရ ။

" Jimin ! "
ကျောင်းရဲ့ အပြင်ဘက်မှာ ထိုင်စောင့်နေတဲ့
Jiminက ပြုံးပြသည် ။

" အဆင်ပြေတယ်မလား  Jeon "

" အင်း ပြေပါတယ်..Jiminရော
သွားမကြည့်ဘူးလား "

" မကြည့်တော့ပါဘူး ရလဒ်ကို ကိုယ်
သိပြီးသား "

" Jimin မဖြေခဲ့ဘူး..! ဘာဆိုဘာမှကို
မရေးခဲ့တာဆို "
JungKookက ပြိုကျတော့မလို မျက်ဝန်း
တွေနဲ့ ကြည့်ပြီး ပြောလာသည် ။

" လာ ကိုယ့်ကျောပေါ်တက်..Jeon "

" Jimin ! "
JungKook ငိုချင်လာပေမဲ့ Jiminရဲ့
ကျောပေါ်ကို နေရာယူလိုက်သည် ။
လမ်းတစ်လျှောက် စကားမပြောဖြစ်ခဲ့ကြ။
သစ်ရွက်လေးတွေက တစ်လမ်းလုံး
ကြွေလွင့်နေသည် ။ လေညှင်းလေးကလည်း
နူးနူးညံ့ညံ့လေး တိုက်ခတ်နေသည် ။

" မင်းနဲ့ တူတူ ကျောင်းတက်ချင်သေးလို့လေ"

" ဟမ် ? "

" ကျောင်းမှာ မင်းတစ်ယောက်တည်းကို
မလွှတ်ထားနိုင်ပါဘူး..Jeon,စာသင်ခန်းထဲမှာ
မင်းစာရေးနေရင် ကိုယ်ထိုင်ကြည့်မယ်.. "

" အခုထိ စာလုပ်ဖို့ကို အတွေးမရှိသေးဘူး! "

" မင်းဆိုတဲ့ ဘာသာရပ်ကိုပဲ ကိုယ်က
ဦးနှောက်ကနေ နှလုံးသားထဲထိ
လေ့လာကျက်မှတ်ချင်တာ "

" ဟွန့် "

ကျောင်းတွေ ပြန်ဖွင့်တော့ JungKookနဲ့
Jiminက အတန်းတူသွားသည် ။
ဒီနှစ်က နောက်ဆုံးနှစ်ဖြစ်တာမို့ သေချာ
ကြိုးစားမှ ရမည် ။

နှစ်ယောက်သား လွယ်အိတ်ဆင်တူဖြင့်
လက်ချင်းချိတ် ဝင်လာခဲ့သည် ။
ကျောင်းမှာဆို သူတို့က အသက်ကြီးဆုံးတွေ
ဖြစ်မည်ထင်သည် ။ ဘာလို့ဆို ကြားမှာ
ကျောင်းနားခဲ့တဲ့နှစ်တွေ​က များသည် ။

" ကျွန်တော်တို့ ဒီနှစ်တော့ အောင်မှ
ဖြစ်မယ်..မဟုတ်ရင် အသက်ကကြီးလာပြီ"

Melody Of Endora [pjm×jjk]Where stories live. Discover now