အပိုင်း(၁၃)

Start from the beginning
                                    

အားနာစိတ်နှင့် ရောင်ရမ်းကိုင်မိသော လက်ထဲရှိ file တွဲလေးက မော့ကြည့်ဟန်....။

ဘာတွေ ဖြစ်ကုန်တာလဲ။

ဘယ်နေရာကမှားနေလဲ။

ဘယ်သို့သော အရာတွေက လွဲမှားစေတာလဲ ။

ဘယ်အရာက်ို ဆွဲယူကြည့်လို့ ဘယ်သို့သောသူဆီကို အတွေးလေးဖြင့်ပြေးကာ မေးကြည့်ရမည်လဲ။

ဘာတစ်ခုမှ ဘုန်းမာန်အတွေးထဲ ဆွဲထုတ်ကာ ရင်ထဲတင်းကြပ်နေတဲ့ ခံစားမူကို စကားလုံးများစွာဖြင့် စာစီမရခဲ့။

အမိမြေမှ မိသားစုလေးဆီ ဘယ်လိုမှ ဆက်သွယ်မရတဲ့အဆုံး ခေါင်းထဲ ပထမဦးဆုံးတွေးမိသော သော်စစ် ။

တတီ ~ တီ ဝင်နေသော ဖုန်းလေးက ပထမအကြိမ် ကိုင်သူမရှိသောကြောင့် ဒုတိယအကြိမ်ဆက်တိုက်ခေါ်နေဆဲ။ ဖုန်းကိုင်ပါ သော်စစ်ရာ! လို့ အော်ပြောမရတဲ့အခြေအနေမှာတောင် လက်ထဲက ဖုန်းကိုကြည့်ပြီး ပြောနေမိသည်။

ကြာသောအချိန်သည်ကား ၅မိနစ်မှသည် မိနစ်၃၀ ဆီသို့။

နာရီဝက်မှသည် လက်တံနာရီလက်ပတ်ချိန် (၃.....၄)ကြိမ်မက အကြောင်းမဲ့သက်သက် ဖုန်းမှန်ပြင်ကြီးကို စေ့စေ့ကြည့်နေမိသည်။

( hello)ဆိုတဲ့ သော်စစ်အသံသည်ကား နတ်ဘုရား မ,စ သည့်အလား ။ အမိမြေမှ အဖြစ်အပျက်တွေအကြောင်း မေးချင်ဇောဖြင့် ထစ်, အနေသော စကားလုံးတို့က လိုရာ ထွက်မလာခဲ့။

" ဘာတွေဖြစ်ကုန်ပြီလဲ ....." စသော တုန်ချိနေသော လေသံတို့ဖြင့် အမေးစကားဖွင့်မိသော Mann Groupရဲ့ ပဲ့ကိုင်ရှင် မပီသစွာအရာရာ သတိအနေထားဖြင့် နှလုံးသားစည်းချက်တို့ အကျမညီညာခဲ့။

တစ်ဖက်ဆီက သော်စစ်စကားတို့ကြားပြီး ကျကွဲသွားတဲ့ နှလုံးသားတစ်ခုက ရင်တွင်းနေရာမှ ဘယ်နေရာဆီ လိုက်ရှာရမသိ။

ဒေါသတကြီး သော်စစ်ရှင်းပြနေသော စကားလုံးတို့က အခန်းထဲပဲ့တင်ထပ်လျှက်....။

မကြားဝင့် မနာသာ သော စကားအသုံးအနူန်းတွေနဲ့ အပစ်တင်ဆဲဆိုနေသော သူငယ်ချင်းဖြစ်သူ၏ ဆဲဆိုခံရမူကိုနားထဲမဝင်။

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now