အပိုင်း(၁၀)

Start from the beginning
                                    

ဖေဖေ အကြောင်းစုံသိနေပြီလား !

ဖေဖေ လူ့တွေက တင်ပြကြတာလား....စသည့်..စသည့်။

" ဖေဖေ ..."

" အေး....မိမွန်...လာအုံး "

ဖေဖေခေါ်သံကြောင့် မီးဖိုထဲက ပြေးထွက်သော ကောင်မလေးက ဖေဖေအနား ခေါင်းလေးငုံ့ပြီး ခပ်ရို့ရို့ မတ်တပ်ရပ်နေမိသည့် မိမွန်။

" နင်မေမေကြီးကို အပေါ်ထပ် လိုက်ပို့လိုက် မိမွန် "

" ဟုတ်ကဲ့ ဘဘကြီး "

ဖေဖေ အမိန့်စကားကြောင့် ကျွန်တော်တို့သားအမိထိုင်နေသော ဆိုဖာအနား မေမေကို ကူတွဲရန် မေမေအနီး ပုဆစ်တုတ်ထိုင်နေသော မိမွန်လက်ကိုဖယ်ချပြီး မတည်ငြိမ်သော စကား တို့ဖြင့် ပြောနေသော မိတာမိခင်။

" မပို့နဲ့ ၊ သားကြီးကိုကြည့်ပြီး ဒီမိသားစုမှ ပြသနာ တစ်ခုခုဖြစ်နေတာ သိတယ် ၊ ကျွန်မကို ဖယ်မထားနဲ့ ဒီမိသားစုက ကျွန်မမိသားစုအရေးမို့ သိချင်တယ် "

ဒေါသတကြီး တုန့်ပြန်ပြောဆိုနေသော မေမေကို လက်လေး ကိုင်ပြီး စကားအေးအေးတို့ဖြင့်။

" မဟုတ်ဘူးလေ မေမေရယ်၊ သားကြီး နောက်ကျ အကြောင်းစုံ ပြောပြပါ့မယ် မေမေရယ်..နော်..ခဏ အနားယူလိုက်ပါနော် "

" အခုပဲသိချင်တယ်သားကြီး ၊ မိသားစုအရေးမို့ မေမေကို အပြင်လူလို သဘောထားမျိုးနဲ့ ဖယ်မထားစေချင်ဘူး သားတို့မိခင်ပါ မေမေက သားတို့ အမေပါကွယ် "

ခေါင်းတညိမ့်ညိမ့်ဖြင့် ဖေဖေက အပြုံးတစ်ပွင့်တို့ပေးလာသောအခါ တုန်လူပ်နေမိသည်။ စိတ်ဒေါသ ကြီးတက်သော ဖေဖေက ဘယ်တော့မှ ပြုံးမပြတက် ၊ ပြသနာကို ရက်ရက်စက်စက် ကိုင်တွယ်မည်ဆိုသောအခါမှသာ ပြုံးတက်သော အပြုံးတစ်ပွင့်တို့ကြောင့် လက်ဖျားတွေအေးလာပြီး မေမေမျက်နာကို ကြည့်မိသည်။

*ဖေဖေ သိနေပြီးသားလား....

တုန့်လူပ်မူတွေနဲ့ စိုက်ကြည့်မိနေပါသော သားအမိနှစ်ယောက်။

မေမေကိုယ်တိုင်က အောက်နူတ်ခမ်းစတို့ တုန်ရီလျှက်.....

" ထားလိုက်သားကြီး ၊ ပြောစရာရှိတာ ပြော"

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now