သူ့လက်ကောက်ဝတ်က ဒဏ်ရာကို ထိလိုက်မိတာကို ချူယီ မသိလိုက်ဘူး။အိုးရန်သည် အေးစက်သောလေကို စုပ်ယူလိုက်ပြီး သူ့(ချူယီ)ရဲ့ ဆုပ်ကိုင်မှုကနေ ရုန်းထွက်လိုက်သည်။
"မလို၊မလိုပါဘူး။ငါ..ငါမသွားတော့ဘူး"

သူကနောက်ကျောပေးလိုက်ပြီး သူ့လက်တွေကို သူ့နောက်မှာ ဝှက်ထားလိုက်သည်။

ချူယီမျက်မှောင်ကြုတ်လိုက်ပြီး "အိုးရန် မင်း နေမကောင်းဘူးလား?"

အိုးရန် ခေါင်းရမ်းလိုက်သည်။

သူဘာမှမပြောနိုင်ခင်မှာပဲ လင်းဆွေ့ကျိုးသည် ရှေ့ကိုလျှောက်သွားလိုက်ရင်း အိုးရန်ရဲ့လက်မောင်း ကိုဆွဲယူလိုက်သည်။နောက်ဆုံးတော့ သူ မထိန်းနိုင်တော့ဘဲ နာကျင်စွာ အော်လိုက်မိသည်။

ထိုအမျိုးသားသည် သူ့မျက်လုံးများကို ငုံ့ကြည့်လိုက်ပြီး နာနီ၏ ကြောက်ရွံ့နေသော အကြည့်အောက်တွင် အိုးရန်၏ အင်္ကျီများကို လှန်လိုက်သည်။သူ့ရဲ့ပိန်ပါးသည့်လက်မောင်းပေါ်မှာ အမာရွတ်တွေနဲ့ အညိုအမဲစွဲသည့်အတွင်းကြေဒဏ်ရာများဖြင့်ပြည့်နှက်နေခဲ့သည်။လင်းဆွေ့ကျိုးရဲ့အမူအရာဟာ နစ်မြှုပ်သွားပြီး သူ့ရဲ့အကြည့်တွေဟာ နာနီပေါ်ကိုကျရောက်သွားခဲ့သည်။

အိုးရန်သည် သူ့လက်ကိုဆွဲယူလိုက်ကာ သူ့အင်္ကျီလက်တွေကို မြန်မြန်ဆွဲချလိုက်ပြီး သူ့လက်တွေကို သူ့နောက်ကျောနောက်မှာ တိတ်တဆိတ် ထားလိုက်သည်။

လူတွေဟာ သူတို့စိတ်ဆိုးလေလေ ပိုပြီးတည်ငြိမ်လေဖြစ်သည်။ကျန်းထျန်လည်း ဒီလိုမျိုးပဲဖြစ်သည်။သူမသည် အိုးရန်ရှေ့မှာရပ်လိုက်ပြီး
သူမရဲ့ သွယ်လျသောမျက်လုံးများဖြင့် နာနီကိုတည်ငြိမ်စွာကြည့်လိုက်သည်။
"ဘာတွေဖြစ်သွားတာလဲ?"

နာနီသည် သူမ၏လက်များကို တုန်လှုပ်ခြောက်ခြားစွာပွတ်သပ်ရင်း ခြောက်သွေ့နေသောတံတွေးကိုမျိုချလိုက်သည်။သူမရဲ့မျက်လုံးတွေကို ခဏလောက်မှိတ်လိုက်ပြီးနောက်မှာ သူမဟာ အထစ်ထစ်အငေါ့ငေ့ါနဲ့ပြောလိုက်သည်။
"သူကျောင်းမှာ သူ့သူငယ်ချင်းတွေနဲ့ရန်ဖြစ်ခဲ့ပုံပဲ။ကလေးတွေကဒီလိုပါပဲ သူတို့ခန္ဓာကိုယ်မှာ အမာရွတ်တွေ ဒဏ်ရာတွေရှိတယ်ဆိုတာ ပုံမှန်ပါပဲ....."

မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး Completed✓Where stories live. Discover now