အပိုင်း (၈)

Start from the beginning
                                    

ကိုယ်သည်ကား မည်သူတစ်ဦးတစ်ယောက်ကမှ ကြိုဆိုဟန်မရှိသည့် မျက်နှာစိမ်းဧည့်သည်မို့။

မည့်သည့်နေရာကမှားနေတယ် မသိရပဲ ဘာမှမသိပဲ ချန်ထားခံရသည့် ဝေဒနာဆိုးက ရင်တွင်းတစ်နေရာ ကိန်းအောင်းနေသည်မို့ ကားဆရာအမျိုးသမီး ပြောဆိုသံတွေကြား လွယ်အွေ့ရင်ထဲမှာ မျက်ခနဲ၊ ကွက်ခနဲ မျက်နာတွေပျက်လို့ ....။

ဤသို့သော ကိုယ်လို ခြေတစ်ဖက်မသန်သည့် ဒုက္ခိတအား မည့်သို့သော လူက လိုချင်ပါအံ့နည်း။

လောကကြီးက သူအလုပ် သူ့လုပ်၏။

တစ်ကောင်ကြွက်တစ်မျက်နှာ အားကိုးစရာဘုရားသခင်ဆီမှာသာ တောင်းဆိုအထပ်ထပ်ပြုမိ၏၊ နွေးထွေးစွာကြိုဆိုသော ရင်ခွင်တစ်စုံသည်ကား ကျုန်ုပ်လို လူသားအတွက် ဤလောက၌ ရှိနေပါသေး၏လား *  ပုခုံးစွန်းလေးနှစ်ဖက်ကို ထိတွေ့ပြီး ဘယ်ညာလက်နှစ်ကို ရောယှက်ကာ ဘုရားသခင်အား ယုံကြည်စွာ ကျေးဇူးနော်ကို အမွှန်းတင်နေမိ၏။

ညိုးနွမ်းနေသော မျက်နာဟန်ကြောင့် အားနာဟန်ရှိသည့် ကားဆရာက ကိုယ့်ကို အားပေးရှာသည် " မုန်တိုင်း ငြိမ်တော့မယ်၊ ငါ့ညီ စိတ်ထဲ မထားပါနဲ့ တဲ့ "....။

လက်နှစ်ဖက်ဖြင့် ပုဆိုးစကို ကိုင်ပြီး ဟောဟဲလိုက်နေသော ကားစရာ ။

ဒေါသကြီးလွန်းလို့ နီထွဋ်နေသော မျက်နှာနှင့် မိဝေဆိုသည့်အမျိုးသမီးတို့ လင်မယားနှစ်ယောက် တုတ်၊ ခဲတို့ဖြင့် ကစားလို့ ဝသွားဟန် ။ လက်နှစ်ဖက်ဖြင့် ယက်ခပ်သလို မျက်နှာကို ခတ်နေသော မိဝေက အိမ်အပေါ်ထပ်ကို တစ်ဒုန်း ဒုန်းတက်၍ အိမ်၏ အိမ်ဧည့်ခန်းဟန် တူသည့်အသားထိုင်ခုံတို့ရှိရာ ဘယ်ဘက် ခုံအလွတ်ပေါ်တွင် ဒူးနှစ်ဖက်ထောင်၍ ထိုင်ကာ အလှူယပ်တောင်ကြီးကိုင်ကာ တဖျက်ဖျက် ယပ်ခတ်နေလေသည်။

အနည်းငယ် ဝသော မိဝေက အသားနည်းနည်းလည်း ညိုသည်။

" လာ ကိုငယ် ဘာမှမဖြစ်တော့ဘူး....၊ ရာသီဥတု ငြိမ်စပြုပြီ လာ...လာ..."

ပြေးလွှားခဲ့ရလို့ ထွက်လာသော ချွေးများကို ပုဆိုးစဖြင့် ဂုတ်ကို သုတ်ပြီး အမောမပြေဟန်ဖြင့် ကုလားထိုင်ပေါ် ထိုင်နေသော ကျွန်တော်ကို လက်ယက်ခေါ်နေသည်။ အထိုင်ကြာလို့ ဖြစ်ပေါ်တက်သည့် ညာဖက်ခြေချင်းဝတ်ကို လက်တစ်ဖက်ဖြင့် အသာ ထုလို့ သွေးကြော တချို့ကို လုပ်နေကြအတိုင်း ဖွင့်နေမိသည်။ နားလည်ဟန်ဖြင့် ကိုသာထက်က ကျွန်တော်အနားလာပြီး ' အဆင်ပြေလား ' အမေးစကားကို မူမပျက် ခေါင်းစညိမ့်၍ ဖြေမိသည်။

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now