"ဟာ မဟုတ်ပါဘူး နင်ကလဲ။ ငါက ငါခင်တဲ့သူတွေကို အကုန်ရေးခိုင်းပါတယ်"

ခွန်းနစ် ကြားနေရတာကတော့ အခြားမဟုတ်ပါ။ နှစ်စဉ် ဒီအချိန်ရောက်တိုင်း ကျောင်းတွေမှာခေတ်စားသည့် အော်တိုရေးခြင်း အလေ့အထပင်ဖြစ်ပါသည်။ ထို အလ့အထက အခုမှမဟုတ် ခွန်းနစ်ရောက်သမျှ ကျောင်းတိုင်းလိုလိုမှ ရှိတတ်သည်။ ကျောင်းသားဟာ စာအုပ်အသစ်တစ်အုပ်ကို ဝယ်ယူကာ စာမျက်နှာတိုင်းမှာ အတန်းသား သို့မဟုတ် တစ်စုံတစ်ယောက်၏ အမည်နာမကိုရေးသားသည်။ မိမိလိုချင်သလောက် ရေးပြီးသည့်နောက် ထိုသူတို့ထံသွားကာ အမှတ်တရစာ ရေးပေးဖို့ တောင်းဆိုနိုင်သည်။ တောင်းဆိုခံရသူမှာလည်း မိမိအား ခင်မင်ရင်းနှီးခြင်းကို အသိအမှတ်ပြုသည့်အနေဖြင့် ‌ဘယ်လိုရင်းနှီးကြောင်း၊ အနာဂတ်အတွက် မည်သို့မျှော်လင့်ကြောင်းရေးသားက ပိုင်ရှင်ဖြစ်သူထံ စာအုပ်ပြန်ပေးရ၏။

ထို ဓလေ့က ‌အလယ်တန်းနှင့် အထက်တန်းကျောင်းသားတွေကြားမှာ အထင်ပေါ်ဆုံး ဓလေ့ဟုပင် ဆိုရလိမ့်မည်။ စိတ်ပြောင်းလဲစပြုနေသော လူငယ်တို့အဖို့ ရင်ခုန်စရာကောင်းသော အခိုက်အတန့်ဆိုလျှင်လည်း မှားမည်မထင်။ ဘယ်လောက်ပဲ သူငယ်ချင်းဆိုဆို ထိုသူငယ်ချင်းတွေကို အသုံးချကာ သီးသန့်လူတစ်ယောက်ထံမှ အမှတ်တရစာကို ငြင်းပယ်ချက်မရှိ ရနိုင်မည်သာ။

ယခုလည်း ထိုကာလကို ပြန်လည်ရောက်ရှိနေပြီမို့ ဟိုဟိုဒီဒီ လှည့်ပတ်နေတဲ့ စာအုပ်တွေကြားမှာ ခွန်းနစ်တစ်‌ယောက်လည်း နှစ်အုပ်စ သုံအုပ်စဝော့ လက်ခံရေးဖြစ်သေးသည်။ ခွန်းနစ်က လူတိုင်းဆီက တောင်းဆိုခံရလောက်အောင် ထင်ပေါ်နေတာမျိုး မဟုတ်ပေမဲ့ စာအုပ်ထိုးပေးလာသူတိုင်းကို ရေးပေးဖို့တော့ အစီစဉ်မရှိပါချေ။ ကိုယ်က စာမေးပွဲလည်း နီးနေတာကြောင့် ထိုယောင်တောင်ပေါင်တောင် အလုပ်ထဲချည်း ခေါင်းစိုက်နေဖို့ မလွယ်ကူပေ။

ခွန်းနစ်တို့ သူငယ်ချင်းအုပ်စုမှာ နာမည်အကြီးဆုံးကတော့ ဝေဖြိုးနိုင်ဟု ဆိုရလိမ့်မည်။ ဒင်းက နဂိုကတည်းက မျက်နှာရူးမို့ လူတိုင်းက သိကြကာ အထူးသဖြင့် မိန်းကလေးအုပ်စုမှ သူတို့စာအုပ်တွေကို ထိုးပေးတတ်ကြသည်။ အမှန်မှာတော့ ထိုကိစ္စ၏ နောက်ကွယ်မှာလည်း အကြောင်းအရင်းရှိပါသေးသည်။ အခြားမဟုတ် .. ဝေဖြိုးနိုင်မှတဆင့် နေချို့မောင့်ကို ရေးခိုင်းဖို့သာ ဖြစ်၏။

friEND(COMPLETED)Where stories live. Discover now