[ငါ့မိန်းမနဲ့ ငါက လက်ထပ်ပြီးပြီ : ဒီနေ့ ကျန်းထျန် နဲ့ငါက လက်ထပ်မှတ်ပုံတင်ပြီးသွားပြီ]

[သူက အခုထိစင်ဂယ် ဒေါ့တစ်ကောင်ပဲ : ငါထင်တာမမှားရင် မင်းငါ့ကို ဒီအကြောင်းပြောတာ ဒီနေ့တင် သုံးခေါက်ရှိနေပြီ]

[ငါ့မိန်းမနဲ့ ငါက လက်ထပ်ပြီးပြီ : အိုး ဟုတ်လား?]

[ငါ့မိန်းမနဲ့ ငါက လက်ထပ်ပြီးပြီ : ကောင်းပြီ၊ဒါက မင်းငါ့ကို အထင်ကြီးအောင်လုပ်ဖို့ အကြံဆိုးတစ်ခုတော့မဟုတ်ပါဘူး]

[သူက အခုထိစင်ဂယ် ဒေါ့တစ်ကောင်ပဲ: ........]

သူ့ကို အထင်ကြီးအောင်လုပ်ဖို့ ဒါကိုဒီလောက်ကြီးရှင်းရှင်းလင်းလင်းထုတ်ဖော်ဖို့လိုလို့လား။

[သူက အခုထိစင်ဂယ် ဒေါ့တစ်ကောင်ပဲ : ဘယ်လိုတောင်လဲ၊မင်းငါ့ကိုဘာအတွက်စာပို့တာလဲ?]

လင်းဆွေ့ကျိုး သည် ရှဟိုင်ရွန်ကို သူ့စိတ်နှလုံးတွင် မငြိမ်မသက်ဖြစ်နေသော ခံစားချက်ကို အတိုချုံးပြောပြခဲ့သည်။သူ့ကို‌ပို့လာသည့် ရှည်လျားသည့်စာတွေကိုကြည့်ပြီး ရှဟိုင်ရွန် ခေါင်းကိုက်လာသလိုပင် ခံစားလာရသည်။ဒီလူက သူကိုအကြောင်းအရင်းမရှိဘဲ မဆက်သွယ်ဘူးဆိုတာ သူသိတယ်၊သေချာတာပေါ့ သူက သူ့ကို စိတ်ခံစားချက်နဲ့ပတ်သတ်ပြီး ကျွမ်းကျင်သူတစ်ယောက်လို ဆက်ဆံပြန်ပြီ။

[သူက အခုထိစင်ဂယ် ဒေါ့တစ်ကောင်ပဲ: ငါမြင်တာကတော့ မင်းလိုနေတာ အခမ်းအနားတစ်ခုလို့ထင်တယ်]

[ငါ့မိန်းမနဲ့ ငါက လက်ထပ်ပြီးပြီ : ဥပမာအနေနဲ့?]

[သူက အခုထိစင်ဂယ် ဒေါ့တစ်ကောင်ပဲ: မင်္ဂလာပွဲလိုမျိုးပေါ့]

........မင်္ဂလာပွဲ။

ဟုတ်တာပေါ့။

လင်းဆွေ့ကျိုးရဲ့မျက်လုံးတွေဟာ တောက်ပလာခဲ့သည်။

ကျန်းထျန်နဲ့ မင်္ဂလာပြန်ဆောင်ဖို့အတွက် သူ ကျွန်းငယ်လေးတစ်ကျွန်းကို အထူးအနေနဲ့ဝယ်ယူခဲ့ပေမယ့် ကံမကောင်းစွာပဲ အလုပ်များလွန်းတာကြောင့် ကျွန်းငယ်လေးကို မေ့နေခဲ့တာ ကြာခဲ့ပြီ။

မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး Completed✓Onde histórias criam vida. Descubra agora