ချင်းချင်းက စိတ်‌မ‌ပျော်စွာ ခေါင်းညိတ်လိုက်ပြီး သူမ‌ကောကောတွေကို ရှာဖို့ ထွက်သွားလိုက်သည်။

ကျန်းထျန် စိတ်ပူပန်စွာနဲ့ သူမဆံပင်တွေကိုဖွလိုက်ပြီး အပေါ်ထပ်သို့ မတက်မီ အသက်ပြင်းပြင်းရှူလိုက်သည်။

လင်းဆွေ့ကျိုးက ရေချိုးခန်းထဲမှာ မရှိတဲ့အတွက် သူစာကြည့်ခန်းထဲမှာပဲရှိနေလိမ့်မည်။မျှော်လင့်ထားသည့်အတိုင်းပင် ကျန်းထျန်စာကြည့်ခန်းထဲရောက်သည့်အချိန်တွင် ထိုအမျိုးသားသည် သူ့စားပွဲမှာ အလုပ်လုပ်နေတာကိုမြင်လိုက်ရသည်။

အလုပ်အများကြီးကို တိတ်ဆိတ်စွာလုပ်နေပြီး ရက်ပေါင်းများစွာ အနားမယူရသေးသည့်ထိုလူဟာ ဝိတ်တော်တော်ကျသွားပုံရသည်။သူသည် အနက်ရောင်ရှပ်အင်္ကျီကို ၀တ်ဆင်ထားပြီး အင်္ကျီလက်များကို တံတောင်ဆစ်အထိ လှိမ့်ကာ သူ့မျက်လုံးအောက်မှာတော့ အမဲကွက်များ ရှိနေသည်။ဒီအချိန်မှာတော့ သူ့မျက်လုံးများက လေးနက်နေပြီး ကုမ္ပဏီစာရွက်စာတမ်းများကို ပြန်လည်ပြင်ဆင်ရန် အာရုံစိုက်နေခဲ့သည်။

ဈာပနကြောင့် လင်းဆွေ့ကျိုး သည် သူ့အလုပ်အချိန်ဇယားများစွာကို ရှင်းလင်းခဲ့ပြီး ယခုအချိန်တွင် ၎င်းတို့ကို မြန်နိုင်သမျှအမြန်ဆုံးပြီးမြောက်အောင်လုပ်ရမည်ဖြစ်သည်။

ကျန်းထျန် ၏ မျက်တောင်များသည် အနည်းငယ် တုန်ခါသွားပြီး ခန်းထဲမဝင်ခင်တံခါးကို ခေါက်ရန် သူမလက်ကို မြှောက်လိုက်သည်။

သူမက လင်းဆွေ့ကျိုးဆီလျှောက်သွားလိုက်ပြီး သူမအကြည့်ကိုမရွှေ့ခင် စာရွက်စာတမ်းတွေကိုလှန်လိုက်သည်။စာရွက်စာတမ်းတွေရဲ့ အကြောင်းအရာကို သူမနားမလည်ပေ။

"ကို အရင်ဆုံးအနားယူသင့်တယ်။ဒီရက်တွေမှာ ကို ကောင်းကောင်း မအိပ်ခဲ့ရဘူးမို့လား?"

လင်းဆွေ့ကျိုးခေါင်းခါလိုက်သည်။ဘောပင်ကိုင်ထားသည့်သူ့လက်ကို အားအင်အပြည့်နှင့်လှည့်လိုက်ပြီး"ဒီနေ့ ပြီးအောင်လုပ်ဖို့ လိုအပ်တဲ့ စုထားတဲ့ စာရွက်စာတမ်းတွေ အများကြီး
ရှိတယ်။ချစ် အရင်အနားယူသင့်တယ်၊ ကိုနဲ့ပတ်သတ်ပြီးမစိုးရိမ်နဲ့။"

မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး Completed✓Unde poveștirile trăiesc. Descoperă acum