" မင်းကလေ... လက်လေးတောင် နည်းနည်း လှုပ်လို့မရပါလား..."

" သက်သာလား..."

" အင်း... ငါ အကောင်းကြီးပဲ... မင်းနဲ့ Paradise သွားလို့ရတယ်.. အခုချက်ချင်းကို.."

အညိုလေးက မျက်နှာအရောင် သိပ်မကောင်းသေးသော်လည်း Jungkookကို ခပ်စစမျက်နှာပေးနှင့် သူ့မူပိုင်ခပ်ညစ်ညစ်စကားဆိုလာခဲ့မှ Jungkookရင်ထဲက စိုးရိမ်မှုကလည်း လျော့ပါးသွားလျက် ပြုံးရယ်နိုင်လာသည် ။

" ဆိုးတာပဲ... အညိုလေးက..."

" ငါ ဒီ့ထက်ဆိုးမှန်း မင်းသိပါတယ်..."

Taehyung၏လက်လေးကို နှုတ်ခမ်းသားနှင့်ဖိကပ်ရင်း Jungက Taehyung၏ဆံနွယ်လေးကိုလည်း အသာယာပွတ်သပ်ပေးသည် ။

" မျက်နှာအရောင်က ဖျော့နေသေးတယ်.. ထပ်အနားယူလိုက်ဦး.."

" အိပ်ရာပေါ်မှာ မလဲချင်တော့ဘူး..."

ကုတင်ပေါ်မှ ထထိုင်လိုက်သည့်Taehyungကို Jungက ခေါင်းအုံးကိုအမှီပြုစေသည် ။

" တစ်ခုခု စားမလား..."

Jungkook၏အပြောကို ခေါင်းယမ်းပြလာသည့် အညိုလေး..။

" သခင်လေး..."

" အင်း..."

" အိပ်မက်ဆိုးကနေ... မကာကွယ်နိုင်လို့ တောင်းပန်ပါတယ်..."

Taehyung၏မျက်ဝန်းထဲကို စိုက်ကြည့်လာခဲ့သည့် Jungကို Taehyungလည်း တန်ပြန်သာစိုက်ကြည့်နေမိသည် ။

" ပြီးတော့... အိပ်မက်ဆိုးကနေ... ရုန်းထွက်ခဲ့ပေးပါ.. ကျွန်တော်က လက်ကမ်းပေးထားမယ်... ရုန်းထွက်လာခဲ့... လုပ်နိုင်မယ်မလား.. ဟင်?..."

" အင်း..."

" လိမ္မာတယ်... good boy..."

အပြုံးပါးပါးနှင့် Taehyung၏အဖြေကြောင့် Jungက Taehyung၏ဆံနွယ်ကို ထပ်မံပွတ်သပ်လာပေးသည် ။

Taehyungလည်း အိပ်မက်ဆိုးဆိုတာမျိုးကို ထပ်မမက်ချင်တော့ဘူး..။
အကြောတင်းတင်းနှင့် ကိုယ့်ကိုယ်ကိုယ် ရုန်းထွက်နိုင်ပြီထင်ခဲ့ပေမယ့် အကျိုးအကြောင်း တိုက်ဆိုင်လာသည့်အချိန်တိုင်းမှာတော့ အိပ်မက်ဆိုးထဲ ထပ်မံနစ်မွှန်းနေရဆဲ..။

Bodyguard (Complete)Where stories live. Discover now