part1

1.1K 61 1
                                    

အခန်း၁

ဂျိုဆွန်းခေတ်၊ ။

မနက်နေမထွက်ခင် နန်းတော်မှဆင့်ခေါ်စာကြောင့် အမတ်မင်းဂျွန်သည် ရေချိုးသန့်စင်ပြီးအဝတ်စားလဲဝတ်ခဲ့ကာ နန်းတော်သို့ ထွက်လာခဲ့သည်။နေမထွက်သေးသည်မို့ မြူငွေ့စိုင်းစိုင်းတို့ကလမ်းမထပ်မှာတယောက်နဲ့တယောက်မမြင်နိုင်သည်အထိ ဖုံးကွယ်လို့နေသည်။

အစောကြီးရှိသေးပေမယ့်
ပြန်ကျဈေးသည်တချို့ကတော့ဈေးခင်းနေကြပြီဖြစ်သည်။ ဂျွန်ဂျောင်ဂုကမူ အနီရောင်ဝတ်ရုံကိုသန့်သန့်ပြန့်ပြန့်ဝတ်ကာ သူ၏လူယုံနှစ်ယောက်နှင့်အတူနန်းတော်သို့ကြွမြန်းလာခဲ့သည်။

ဂျောင်ဂု၏အသက်မှာ သုံးဆယ်နှစ်ကျော်ရှိပြီဖြစ်ပြီးနန်းတော်တွင်အမှုထမ်းကာလ ရှစ်နှစ်ရှိပြီဖြစ်သည်။ 

'' ဂူဆွန်းနား ''

''ဟုတ်ကဲ့ အမတ်မင်း ''

'' နန်းတော်ရောက်ဖို့အချိန်ဘယ်လောက်လိုသေးလဲ ''

''မိနစ်သုံးဆယ်လောက်ပဲလိုပါတော့တယ်အမတ်မင်း ''

'' အခုတလောနန်းတော်မှာဘယ်လိုအခြေအနေရှိလဲ ၊ ''

''အမတ်မင်းနာမကျန်းဖြစ်နေတဲ့အချိန်အတွင်း၊ မင်းကြီးက မိန်းကလေးငယ်တွေအများကြီးခေါ်ပြီး ကိုယ်လုပ်တော်တချို့ရွေးခဲ့ပါတယ်၊
မင်းကြီးကအခုချိန်ထိ နတ်ဝင်သည်အမျိုးသမီးရဲ့စကားကိုယုံကြည်နေသေးတယ်ထင်ပါတယ် အမတ်မင်း ''

''အရှေ့တိုင်းသံတမန်အရေးကရော ''

'' မိတ်ပျက်မလိုဖြစ်ခဲ့ပါတယ်၊တော်သေးလို့ လက်ထောက်စစ်သူကြီးကကြားကနေဝင်ဖြန့်ဖြေပေးလို့သာ နှစ်နိုင်ငံမိတ်ဖွဲ့နိုင်ခဲ့သေးပါတယ်''

''ဟူး ''

ဂျောင်ဂုသက်ပြင်းရှည်ကြီးချလိုက်သည်။
လက်ရှိဘုရင်သည် စိုးရိမ်ကြောင့်ကြမှုလွန်လှပါ၏။ လွန်ခဲ့တဲ့သုံးလက နတ်ဝင်သည်အမျိုးသမီးအပြောကြောင့်နဲ့တကယ်ပင်သူနဲ့အပြိုင် ထီးနန်းလုမည့် ဘုရင်ပေါ်ပေါက်လာမည်ဟု မိန့်လေရာ လက်ရှိမင်းကြီးမှာအလွန်တုန်လှုပ်နေလေသည်။

Looking for you (Completed)Where stories live. Discover now