အပိုင်း(၁)

Start from the beginning
                                    

" မင်းဘာစကားပြောလိုက်တာလဲ "

ဖေဖေ ချုပ်ချယ်မူတွေကို မနှစ်သက်သော်လည်း ယခုလို သားအဖနှစ်ယောက် အော်ကြီးဟစ်ကျယ် အချေအတင် စကားမများဖူးဘူး။ ဘယ်လောက်ပဲ ဖေဖေစကားကို မကြိုက်ဘူးဆိုပေမယ့် ငြင်းဆန်ခြင်းမပြုဘဲ အကျိုးအကြောင်းရှင်းရသလောက်ရှင်းပြကာ တခါတရံ မေမေက ကြားဝင်စေ့စပ်ရဖူးသည်။

ဘယ်တုန်းကမှ မိဘကို သူတစ်ခွန်းကိုယ်တစ်ခွန်း မအော်ခဲ့ဖူးတဲ့ ကျွန်တော်က ယခုတော့ ဒေါသကိုမထိမ်းချုပ်နိုင်ခဲ့။ မိဘရင်ခွင်ကနေ ခွဲခွါပြီး ပြည်ပမှာနာမည်တစ်လုံးဖြင့် ရပ်တည်နိုင်ဖို့ အားကြိုးမာန်တက်ကြိုးစားခဲ့ရတာ ကိုယ်သာလျှင်အသိဆုံး။ ကျောင်းချိန်ကတဖက် ၊ လုပ်ငန်းစတင်နိုင်ဖို့ လူမျိုးမတူ ၊ ဘာသာမတူ၊ အသွေးအရောင်မတူကွဲခြားမူ တွေကြား ကြိုးစားရုန်းကန်ခဲ့ရတဲ့ အချိန်တွေ၊ လူငယ်တစ်ယောက်ရဲ့ အကောင်းဆုံးသော ပျော်ရွှင်ရမယ့်အချိန်ကို စတေးခဲ့ပြီး ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ ၊ အနိုင်ပိုင်းပြီး နှင်းချခံရခြင်းတွေအပေါ် လဲကျတိုင်း ကြိုးစားပြီးပြန်ထနိုင်လို့ ခုလို  Mann Group ကစီးပွါးရေးလောကထဲ ခြေကုပ်ယူနိုင်ခဲ့ပြီ။

ဒီတစ်ကြိမ်တော့ အပြတ်အသတ်တိုက်ယူရမယ့် သားအဖ စစ်ပွဲ။

မဖြစ်နိုင်တာမို့ သားဘက်ကလည်း တစ်ထစ်လျော့မပေးနိုင်ဘူး ဖေဖေ၊ ကျေးဇူးကန်းသားမိုက်အဖြစ်ပေါ့။

" အဲ့ဒီဒုက္ခိတကို ကျွန်တော် လက်မထပ်နိုင်ဘူး ၊ ကျွန်တော့်ဘဝတစ်ခုလုံးကို အဲ့ဒီကလေးဆီမှ မနှစ်မြုပ်နှံနိုင်ဘူးဖေဖေ ၊ နောက်ပြီး သူ့ကိုလည်း ကျွန်တော်ရဲ့ အိမ်သူသက်ထားနေရာမှမထားပေးနိုင်ဘူး ဖေဖေ"

" ဘာကွ.....မင်း....မင်း...ခွေးထက်မိုက်တဲ့ သားမိုက်......"

ဖြောင်း !!!

လည်ထွက်သွားသော မျက်နှာ ၊ ပြင်းထန်လှတဲ့ ဖခင် ရိုက်ချက်ကြောင့် နဂိုဗီဇဆိုး ရွဲ့ချင်စိတ်က ထိမ်းမရခဲ့ဘူး။ အာဏာပါဝါ သိပ်ပြတက်တဲ့ဖေဖေက ငယ်ငယ်ကအတိုင်း သားသမီးကို ဆုံးမတဲ့နေရာမှာ လက်ပါတက်တဲ့ ဖေဖေ့အကျင့်စရိုက်ကို ဒီတစ်ခါ အသည်းနာတယ်။ အသားနာလာရင် စိတ်ထင်တိုင်း ပြောတက်တဲ့အကျင့်က လူတစ်ယောက်ရဲ့ ဘဝကိုရှင်လျှက်နဲ့ သေစေတယ်ဆိုတာပြေ့ဘုန်းမာန် မတွေးတောမိခဲ့ဘူး ။

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now