"ဟီးဟီး...ခင်‌ သင်ပေးတဲ့ စာကို ပြန်နွေးတဲ့ သဘောပါ...."

"နင်ကမှ တကယ့် မယားတရူး....
တကယ်ပဲ...ခင်...ခင်နဲ့...
ငါ့လို ရည်းစားတွေ ဖြစ်သွားရင်လည်း
တမျိုးပေါ့အေ...အခုဟာက ပါးစပ်ကကိုမချတော့ဘူး..."

"တော်ပြီ...နွားမ...နင့်အပျိုကြီးတီချယ်ဆီ
တစ်ခါ‌လေးသွားလိုက်တာ...
ပွားနည်းမျိုးစုံကို အလွတ်ကျက်ခဲ့သလား အောက်မေ့ရတယ်....
အချိန်ကုန်တယ်...သွားသောက်မယ်...
Let's go!!!"

"ဟွန့်...ဘာမဆိုင်ညာမဆိုင် ငါ့တီချယ်ကိုများ...
အပြစ်ပြောလိုက်သေးတယ်...နင်ကမှ အပျိုကြီး လုံးလုံးဖြစ်မှာ...."

"ဟဲ့...အပျိုကြီးဖြူစင် လောက်တော့ လုပ်ပါဟယ်...
အပျိုကြီးလုံးလုံးက နင့်မယားလား..."

"အစုတ်ပလုတ်မ....လုံးလုံးက နင့်မိန်းမပဲ ဖြစ်မှာ.
ငါ့မိန်းမ နာမည်က သက်သက်ရီတဲ့....
ချစ်စရာလေး အသက်က...."

"ဟားဟား TV မှာလွှင့် တဲ့ ကြော်ငြာလိုလေ....
ဘာတဲ့...လာပြီ လာပြီ ဒေါ်သက်ရီ....ဟားဟား..."

"ဟောဒီ့က လဝန်းကလည်း...
လာပါ လာပါ...မောင့်ရင်ခွင်ပေါ့...."

အမျိုးသမီးကြီးတွေကို ချစ်ရတဲ့ ကလေးမတွေက...
တကယ့်ကို...အရူးလုံးလုံး ဖြစ်ရတယ်ဆိုတာ...
သိပ်မှန်သဗျာ့....

Shwe Goal...စားသောက်ဆိုင်က
လူအတော် အများ အားပေးကြတယ်....
အထူးသဖြင့်...လူကြီးပိုင်းတွေ...
ပိုက်ဆံရှိ အသိုင်းအဝိုင်းတွေ..
ငွေကို ရေလို သုံးကြတဲ့ နေရာလေး‌ပါ....
ဆိုင်ရဲ့ အောက်ဆုံးထပ်မှာ.. Bar သဖွယ်...
အပေါ်ထပ်တွေမှာတော့ karaoke အခန်းများရှိတယ်....

"ဟဲ့...ဟိုမှာ...ခင် မဟုတ်ဘူးလား..."

"အေး...သူ ဟသ်ာတ မပြန်ဘဲ ဘယ်လိုဖြစ်ပြီး..
‌ဒီရောက်နေတာလဲ...."

"ဘယ်သိမလဲ..ငါတို့သွားနှုတ်ဆက်ရအောင်..."

"မလုပ်ပါနဲ့ဟ...နင့်ကိုယ်မှာလည်း မွှန်ထူနေရော..
သောက်ထားတာ များနေတယ်နော်..."

"ရတယ်...အေးဆေး...ငါ ပြောပြမယ်...ဒီလိုနေရာမျိုးမှာ တယောက်တည်း လာသောက်နေပုံထောက်..
တီချယ် အသဲကွဲနေတာပဲနေမှာ...ငါ သွားဖြေသိမ့်ပေးလိုက်ရင် အမှတ်ရမှာ..."

တီချယ်ဒေါ်ဒေါ်  Unicode+Zawgyi Место, где живут истории. Откройте их для себя