Part-18

9K 589 54
                                    

"Hello...သမီး အဆင်ပြေရဲ့လား..."

"ပြေတယ်..ဖေဖေရဲ့...
ဒီမှာ semester တစ်ခုပြီးလို့
ပိတ်ရင်ပြန်လာခဲ့မယ်နော်..."

"အေး...ငါ့သမီး ပြန်လာချင် ပြန်လာပေါ့ကွယ်...
ဖေဖေတို့က warmly welcome ပါပဲ.."

"ဟုတ်..ဖေဖေက မအိပ်သေးဘူးလား..."

"‌အေး မအိပ်သေးဘူးကွယ်...မနက်ဖန်ဖေဖေတို့..
ဟသ်ာတသွားရမယ်..အဲ့တာကြောင့် အထုတ်တွေ ထည့်နေတာ..."

"အော်..အဲ့လိုလား...ဟုတ် ဖေဖေ ထည့်ထည့်..."

"အေး..ဒါပဲ သမီး..."

ဒီနေ့တော့ ဖေဖေနဲ့ ဖုန်းပြောဖြစ်တယ်...
ဖုန်းပြောပြီးတော့...နောက်နံပါတ်လေး တစ်ခု နှိပ်လိုက်တာက တီချယ့်ဖုန်း....
ဒီအချိန်ဆို တီချယ်အိပ်လောက်ပြီပေါ့....
ဖုန်းခေါ်တာကို ပြန်ရပ်တန့်လိုက်တယ်....

တစ်ဖက်တွင်...

သက်လည်း ကလေးဖုန်းကို မျှော်နေဆဲ....
သက် ဘက်ကဆက်ရင် ကလေး...စာလုပ်ပျက်မှာကြောက်ရတယ်....

ဒီလိုနဲ့ အတွေးကိုယ်စီထားပြီး...
အလွမ်းဓာတ်နဲ့ နှစ်ယောက်သား အိပ်ယာဝင်ခဲ့ရတယ်..

နောက်လကျရင်တော့....
တီချယ်ဒေါ်ခင်စုလှိုင်က ဟသ်ာတ ပြန်စရာရှိတယ်..
တီချယ်ဒေါ်ခင်စုလှိုင်လို့ ခေါ်ရတာ...
အကြောင်းတော့ရှိပါတယ်....

ကျောင်းမှာပထမဆုံး စတွေ့တဲ့နေ့က...

"မင်းက အငယ်မ သမီး‌လား..."

"ဟုတ်ပါတယ်..အန်တီ..."

"ဘာအန်တီလဲ....ငါက မင်းဆရာမ ဖြစ်လာမှာ...
တီချယ်ပဲခေါ်စမ်းပါ...ငါ့မှာ ဘာတူမမှ မရှိဘူး..."

ဒေါ်ခင်စုလှိုင်ဆိုတာ...
အဲ့သလို မာနကြီးတဲ့ အမျိုးသမီးပါ...
သူက တီချယ်နဲ့လည်း ရန်ငြိုးရှိသတဲ့...
ဘာတဲ့လဲ...တီချယ့်ကို 'စနှိုက်ကျော်မ'တဲ့...

အဲ့နေ့က...

"အန်ကယ်ပြည့်ပြောတော့...မင်းက
ဟို စနှိုက်ကျော်မကို ကြိုက်နေတာဆို...
ဟုတ်သလား..."

"ရှင်....ဟို ဘာကို ပြောတာလဲ တီချယ်စု..."

"အော်...ဟို အမျိုးမစစ်မ...
ကျောင်းဆရာမကိုလေ..."

တီချယ်ဒေါ်ဒေါ်  Unicode+Zawgyi Where stories live. Discover now