Ep-29(Unicode)

17.9K 1.7K 84
                                    


⚠️သတိ: ဒီအပိုင်းတွင် သွေးထွက်သံယိုများ ပါဝင်သည်။

......

ကိုင်နေကျ ဓားရှည်ကို ဆောင်ထားပြီး အလစ်ကိုချောင်းနေသည်။တိမ်နက်လိုလူမျိုးကထိပ်တိုက် ရင်ဆိုင်လို့မဖြစ်။ တခြားအဖွဲ့သားတွေ သိသွားရင်လည်းပြဿနာဖြစ်နိုင်သည်။ထို့ကြောင့် ပိုက်ကွန်ချဖို့ အကုန်အလုပ်ရှုပ်နေတဲ့အချိန်ကို ရွေးပြီး လှုပ်ရှားရမှာ။

ပစ္စည်း ဖြစ်ဖြစ်၊ ငါးဖြစ်ဖြစ် အကုန်တန်းယူ ဝေငှပေးသော ယက္ခကို သူလေးစားသော်လည်း တခြားလူထက်ပိုရချင်သော  လက်ရှိပေါင်းသင်းနေတဲ့ မိန်းမကြောင့် အာရုံများရ၏။နောက်ဆုံး ဘက်လိုက်ပြီး ပိုပေးတတ်သော ငမန်းဆီမှာ တပည့်ခံပြီး ပုန်ကန်မှုမှာပါဝင်နေရခြင်းဖြစ်သည်။လူတစ်ယောက်ဖြစ်သည့်အလျှောက် ပစ္စည်းဥစ္စာလောဘနဲ့ ရမက်လောဘတို့ကြောင့် အမှန်ကို မမြင်တော့ပေ။

ငမန်းခိုင်းတာလုပ်ပေးပြီးတာနဲ့ သူလည်း နေရာကောင်းတစ်ခုရမည်ဖြစ်တာကြောင့် လှေအဖျားမှာရပ်နေသော ကျောပြင်ထံ အကြည့်စူးစူးပို့၍ ကြောက်စိတ်ကို ဖျောက်၏။ တခြားအဖွဲ့သားတွေ ပိုက်စချတာနဲ့ လက်ထဲက ဓားကို သေချာတင်းတင်းဆုပ်ကိုင်ကာ ကျောပေးရပ်နေသော တိမ်နက်ဆီ တစ်ဟုန်ထိုးပြေးဝင်လိုက်သည်။

"အား!!"

တစ်ချက်တည်း ပွဲအသိမ်းလို့တွက်ထားပေမယ့်  အထင်နဲ့အမြင်တစ်ခြားစီ။သူ့ရဲ့ဓားက တိမ်နက်အသားထဲဖောက်ဝင်ခါနီးမှ ရုတ်တရက် တိမ်နက်က ကိုယ်ကို လှည့်လိုက်တာကြောင့် ရှောင်သလိုဖြစ်သွားသည်။ထို့နောက် အရှိန်နဲ့ပြေးလာတဲ့ သူက ကိုယ့်ဘာသာ မထိန်းနိုင်ဘဲ သင်္ဘောပေါ်ကနေ ဇောက်ထိုးပြုတ်ကျသွားသည်။

​ရေပြင်နဲ့ မျက်နှာထိခါနီး ခြေချင်းဝတ်မှ သန်မာတဲ့လက်တစ်ဖက်က ဆွဲယူထား၏။အသိစိတ်ပြန်ကပ်မှ ကြောက်လန့်တကြားအော်ဟစ်ကာ

"ကယ် ... ကယ်ပါအုံး  ကျုပ်တောင်းပန်ပါတယ် လွတ်မချလိုက်ပါနဲ့"

သွေးရူးသွေးတန်းအော်ဟစ်ပြီး သင်္ဘောပေါ် ပြန်ရောက်တဲ့အထိ တိမ်နက်က သူ့ကိုပြန်သတ်လိုက်မှာကြောက်ပြီး ပြူးကြောင်ကြောင်ဖြင့်ကြည့်နေသည်။တခြားလူတွေကလည်း အသံကြားလို့ လှည့်ကြည့်ပေမယ့် ဘာမှမဖြစ်ဘူးဆိုကာ ကိုယ့်အလုပ်ကိုယ် ပြန်လုပ်နေသည်။

ဂန္တဝင်လူမိုက်ကြီးကို ချစ်ရေးဆိုမည်Donde viven las historias. Descúbrelo ahora