Ep-12(Unicode)

18.6K 2K 42
                                    


အခန်းထဲရောက်ရောက်ချင်း  လည်တိုင်ကိုတွဲခိုကာနမ်းရှိုက်ခံလိုက်သည်။တိမ်နက်က သူမရဲ့ ခါးသိမ်သိမ်ကို လက်နှစ်ဖက်နဲကိုင်ရင်း ခုတင်ပေါ်သို့ဦးတည်လိုက်၏။ကွာခြားတဲ့ ခန္ဓာကိုယ်အနေအထားနဲ့မသက်ဆိုင်စွာ  လဲကျသွားချိန် ဒေစီက အပေါ်စီးကနေ ဖိထားသည်။

ရေမွှေးနံ့ခပ်စူးစူးကို ခေါင်းတစ်ခုလုံးအီသွားရုံမှလွဲ၍ အထိအတွေ့ကို တိမ်နက်ယစ်မူးမနေ။တာဝန်အရလုပ်ဆောင်နေကျအရာလို သူ့ရဲ့လက်တွေက  အဝတ်အစားတို့ကို အေးအေးဆေးဆေးပင်ဖယ်ရှာပစ်လိုက်သည်။

နမ်းနေရာကနေ ပြန်ခွာသွားပြီး  သူမနေရာယူလိုက်သည်က တိမ်နက်ရဲ့ရင်ဘက်ပေါ်ခွလျက်သား။မျက်မှောင်ကုတ်ရင်း ကြည့်နေစဉ်မှာပဲ အတွင်းခံအင်္ကျီနဲ့ လက်နှစ်ဖက်ကို တွဲချည်ဖို့ ဟန်ပြင်နေတာကြောင့် တိမ်နက်ချက်ချင်း သူမကိုခုတင်ပေါ်တွန်းဖယ်ကာ ထလိုက်သည်။ထိုအခါ ဒေစီကအနောက်ဘက်ကနေ သိုင်းဖက်ရင်း

"ဘာလို့လဲ ဒို့ကို စိတ်မပါဘူးလား"

"ဒီပုံစံကို ငါမကြိုက်ဘူး"

"ရှင်သက်သာမယ့် ဟာပဲကို "

တိမ်နက် ဘာမှပြန်မပြောဘဲ အင်္ကျီပြန်ဝတ်ပြီး ဆေးလိပ်ကို မီးညှိလိုက်သည်။တံခါးအပြင်ဘက်ထွက်ဖို့ပြင်တော့  အခုထိ အိပ်ရာပေါ်မှာ အဝတ်ချွတ်ရက်အတိုင်းရှိနေသော ဒေစီက

"ဦးကြိုင်ရဲ့ အလုပ်ကိစ္စ ..."

ဒုန်း!

သူမ စကားတောင်မဆုံးခင် ဆောင့်ပိတ်လိုက်သော ကျွန်းတံခါးအတွင်းမှာသာ တစ်ယောက်တည်း ကျန်ခဲ့လေတော့သည်။လိုအပ်လို့ ဆက်ဆံရင်တောင် တိမ်နက်က ဦးဆောင်တဲ့နေရာကပဲ ဝင်ရောက်ပေးမည်။အထက်စီးဆန်တဲ့ မိန်းမတွေနဲ့ နေရတာမျိုးက စိတ်ရှုပ်စရာကောင်းတဲ့အပြင်  ကိုယ့်သိက္ခာကိုပါ ထိပါးသလို ခံစားရတာကြောင့် တိမ်နက် လုံးဝ မကြိုက်ပေ။

လက်ထဲက ဆေးလိပ်ကို ရှိုက်ဖွာရင်း လှေကားအတိုင်းဆင်းလာတော့ ခပ်သဲ့သဲ့ကြားလိုက်ရသောအသံကြောင့် အပြင်ထွက်မယ့် သူ့ခြေလှမ်းတွေရပ်တန့်သွားသည်။ထိုအသံက ပုလင်းတစ်ခုခုကျကွဲတဲ့အသံဖြစ်ပြီး ဝိုင်သိုလှောင်ခန်းထဲမှ လာနေတာဖြစ်သည်။

ဂန္တဝင်လူမိုက်ကြီးကို ချစ်ရေးဆိုမည်Where stories live. Discover now