Ep-21(Unicode)

18.4K 1.8K 148
                                    


အပြင်မှ ကျယ်လောင်သော မိုးခြိမ်းသံနဲ့အတူ ကြားလိုက်ရသော ခေါ်သံသဲ့သဲ့ကြောင့် ညိုခွန်းမျက်လုံးများပွင့်လာသည်။အခန်းထဲမှာ အလင်းရောင်ကင်းမဲ့နေပြီး ခါးပေါ်က ပွေ့ဖက်ထားသော လက်တစ်ဖက်။ညိုခွန်း ထပ်ပြီး နားစွင့်ကြည့်တော့ တကယ်ပဲ အပြင်ကနေ သူ့ကိုခေါ်နေသော အသံရှိနေသည်။

"ကိုခွန်း... ကိုခွန်းကျွန်တော့်ကို ကယ်ပါအုံး"

"ခရု?"

ချက်ချင်းပဲ ခုတင်ပေါ်ကနေဆင်းဖို့ ပြင်လိုက်သည်။စူးအောင့်သွားတဲ့ အရာကြောင့် တစ်ချက်ညည်းညူမိတော့ ခါးပေါ်က လက်ပိုင်ရှင်ဟာ ညိုခွန်းပခုံးကနေ ထိန်းပွေ့ပေးလာသည်။

"ဘယ်သွားမလို့လဲ"

"အပြင်မှာ ခရုရောက်နေတယ် ... ကျွန်တော့်ကိုခေါ်နေတာ ကြားရတယ်"

ညိုခွန်းပြန်ဖြေနေရင်း ခုတင်ပေါ်ကနေ ဆင်းကာ အခန်းအပြင်ထွက်လိုက်သည်။ တိမ်နက်လည်း သူ့ရဲ့ အနောက်မှာ ကပ်လျက်ပါလာ၏။အိမ်ရှေ့တံခါးကို ဖွင့်လိုက်တော့ ခြံရှေ့က အရိပ်လေးတစ်ခုကြောင့် အမြန်ပြေးသွားလိုက်ချိန် အေးစက်နေသော မိုးရေတွေက သူ့ကိုယ်ပေါ် ခုန်ဆင်းကျလာသည်။

"ခရု မင်းဘယ်လိုဖြစ်ပြီး ပြန်ရောက်လာတာလဲ"

"ကျွန်တော့်ကို ကယ်ပါအုံး ကိုခွန်း ... သူတို့က ကျောင်းကိုပို့တာမဟုတ်ဘူး"

အသံတုန်ရင်နေသော ခရုက အနောက်ကို လှည့်ကြည့်ရင်း စိုးရိမ်ထိတ်လန့်စွာပြောသည်။လျပ်စီးအလင်းရောင်ဖြင့် မြင်နေရသောထိုကလေးမျက်နှာမှာ ရိုက်နှက်ထားသော ဒဏ်ရာဒဏ်ချက် များစွာဖြင့်။ညိုခွန်း ခြံတံခါးကို ဆွဲဖွင့်ပြီး ပိန်လှီနေသော ကောင်လေးအား ဆွဲခေါ်လိုက်သည်။ခရုရဲ့အသားက ရေခဲလို အေးစက်နေပြီဖြစ်တာကြောင့် အိမ်ထဲကို အရင်ဝင်ခိုင်းရ၏။တိမ်နက်က ဘေးမှာ တစ်လျှောက်လုံး ဒီအတိုင်းရပ်နေပြီး တစ်ခုခုကိုတွေးတောနေဟန် တစ်ခွန်းမှ ၀င်မပြော။ညိုခွန်းအခန်းထဲကနေ စောင်ပိုင်းတစ်ခုယူပြီး ခရုကို ခြုံထားပေးလိုက်တော့ တုန်ရီနေသည့်ကြားမှ အကြောက်အလန့်တကြားပြောလာသော စကားများ။

ဂန္တဝင်လူမိုက်ကြီးကို ချစ်ရေးဆိုမည်Where stories live. Discover now