"တီချယ်ကလည်း...အပြစ်ပေးလည်း တခြား
နည်းလမ်းပေးလို့ရတာပဲ...အခုဆို...
မောင့် နှလုံးသားလေး နာကျင်ရတာ တဆစ်ဆစ်နဲ့.."

"အပိုတွေ...အခုက လာနှုတ်ဆက်တာဟုတ်လား.."

ခဏက ပြုံးပျော်နေတဲ့ တီချယ်...
အခုတော့ အသံတိမ်ဝင်လျက်.......

"အမ်း...ဒီမှာ အမိ...ရုပ်ကြီးက ထမင်း၇ ရက်မစားရတဲ့ရုပ်နဲ့...ဘာဖြစ်တာတုန်း...
သူပဲ အဝေးပို့ချင်လို့
ကျောင်းသွားတက်ခိုင်းတာမလား..."

"မောင့်ကို ကောင်းစေချင်လို့
ကျောင်းတက်ခိုင်းတဲ့ ဟာကို...အခုတော့
ငြိုငြင်ပြီပေါ့..."

"ဟာ....တီချယ်ရယ်...
မငိုတော့ မငိုလိုက်ပါနဲ့...
မောင် ကိုယ့်ဘဝ ကိုယ် ရပ်တည်‌နိုင်အောင် ကြိုးစားပြီးရင် ပြန်လာခဲ့မယ်နော်...
တီချယ် စောင့်နေမယ် မလား ဟင်..."

"စောင့်နေမှာပေါ့ မောင်ရယ်...
မောင်သာ စာ ကြိုးစား...
မောင့် အ‌‌ရှေ့မှာ တီချယ် အမြဲရှိနေတယ်လို့
မှတ်ထားပေးနော်....."

"အရှေ့မှာ ရှိတာလား အခုက မောင့် ဘေးမှာ
မဟုတ်ဘူးလား..."

"တော်တော်ရှည်ကို ရှည်တယ်....
လူက စကား အကောင်းပြောနေတာကို...
ထဖောက်ချင်အုံး..."

"အယ်...ဟီးဟီး... စ တာပါ...မေရယ်..."

"ဘယ်လိုခေါ်လိုက်တာ...."

"မေ...မေ...မေ...လို့..."

"အမလေး....ငါ့မှာလည်းနော်....
ယောကျား မယူဘဲ...အမေ ဖြစ်ရတယ်လို့..."

"ဟာ...တီချယ်နော်...မောင်က...ချစ်စနိုးလေးနဲ့...
မေ...လို့ခေါ်တာလေ..."

"တီချယ် လို့ပဲ ခေါ် မကြိုက်ဘူး...."

"ဟုတ်ကဲ့..."

"ရုပ်ကိုက...မှုန်ကုပ် မနေနဲ့
ပြန်ပြုံးလိုက်...ရော့..."

တီချယ့် ပိုက်ဆံအိတ်ထဲက...တစ်ခုခုကို နှိုက်ထုတ်လိုက်တယ်....
အနီရောင်ကတ္တီပါဘူးလေး....
စိန်လေး တစ်ပွင့် စီပါတဲ့...လက်စွပ်နှစ်‌ကွင်း...

"ဒါက..."

"မောင် ကျောင်းသွားတက်ရင် တီချယ်က စိတ်ချရမှာလား....ဒါကြောင့်လေ...စေ့စပ် လက်စွပ်လေး အပြန်အလှန်ဝတ်ထားမလို့..."

တီချယ်ဒေါ်ဒေါ်  Unicode+Zawgyi Tahanan ng mga kuwento. Tumuklas ngayon