သူမ၏အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး စာလုံးအနည်းငယ်နှင့် ရီပလိုင်းပြန်လိုက်သည်။
"အမ်"

[ထျန်ဖန်ရာဆုံစည်းရာနေရာ : သမီးရေ ငါတို့ကမင်းကို အမြဲတမ်း support ပေးသွားမှာပါ]

[ကျိုး ထမင်းရည်ဆိုင် :ကျိုးကျိုး ငါတို့ကလဲ မင်းကို support ပေးသွားမှာ!]

[မင်းက လမင်းကြီးထက်ပိုလှတယ် : သူတို့က ဟိုးအရင်ထဲကကွာရှင်းပြီးသားဆိုရင် show မှာတုန်းက ဘာလို့ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်တဲ့ပုံစံလုပ်ပြခဲ့တာလဲ?ရူးနေတာလား?]

[ခဏ : သူတို့က သူတို့ရဲ့အချစ်တွေကို တမင်တကာကိုပြခဲ့ကြတာပဲ။ သူတို့နှစ်ယောက်လုံးသရုပ်ဆောင်သိပ်ကောင်းတယ်]

[ကြောင်မွေးရန် ငြင်းဆန်သည် : LOL,ဒီဇာတ်ညွှန်းရေးဆရာစုံတွဲက အရမ်းဆိုးတာတော့မဟုတ်ဘူးပဲ]

[dehuoghbn : သူတို့နှစ်ယောက်လုံးကချစ်နေတာပဲ ဒါက မင်းတို့ကိစ္စမဟုတ်ဘူး]

[အိုးရန်မန်မန် : ငါဒါကိုသက်သေလိုက်ပေးနိုင်တယ်၊ငါက ထျန်ထျန့်ဖန်ဖြစ်နေရင်‌တောင် ဒီ စုံတွဲကိုအရမ်းကြိုက်နေသေးတုန်းပဲ]

[ID ကို မတွေးတတ်တော့ဘူး : Dam*,ဒါက တစ်ကယ်ပဲ မန်မန်လား???]

"........"

အိုးရန်မန်မန်၏ရုတ်တရက်ထွက်ပေါ်လာမှုသည် လူတိုင်း၏အာရုံကို ကျန်းထျန်ဆီမှပြောင်းလဲသွားစေသည်။ဒါနဲ့ပတ်သတ်ပြီး သူမခဏလောက်တွေးပြီးနောက်မှာ Weibo ပေါ်မှာ ကျန်းထျန်ကို Fri request ပေးပို့လိုက်သည်။ကျန်းထျန်ကသူမ၏ Fri request ကိုလက်ခံပြီးပြီးချင်းမှာပဲ သူမကို private message ပို့လိုက်သည်။

[အိုးရန်မန်မန် : ထျန်မိန်အာ၊ကျွန်မရှင့်ကို အမြဲတမ်း support သွားမှာပါ!]

"Cheering" 📣 အီမိုဂျီကိုပါ ထပ်ထည့်လိုက်သေးသည်။

ကျန်းထျန်သည် တခစ်ခစ်ရီလိုက်ပြီး သူမ၏မှုန်ကုပ်နေသော စိတ်ဓာတ်များသည် တော်တော်များများသက်သာရာရလေသည်။

[ကျန်းထျန် : ကျေးဇူးတင်ပါတယ်]

[အိုးရန်မန်မန် : ဝိုးး ရှင်ကျွန်မရဲ့ စာကို အာပီပြန်တယ်ပေါ့။ရိုးရိုးသားသားပြောရရင် ဥက္ကဌလင်းရဲ့အဘိုးကြီးတစ်ယောက်လို လူတွေကို သင်ပေးတာက တော်တော်လေးငြိီး‌ငွေ့ဖို့ကောင်းတယ်။ကျွန်မက Miracle ရုပ်ရှင်ကိုပြောင်းချင်တာ။ဥက္ကဌရှက ဥက္ကဌလင်းထက် ပိုနူးညံ့တဲ့ပုံပေါ်တယ်‌လေ။ဒါပေမဲ့ ကျွန်မအဖေက သွားခွင့်မပေးဘူး]

မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး Completed✓Onde histórias criam vida. Descubra agora