EPISODE (16)

10.2K 1K 16
                                    

Unicode
နန်းတွင်းရဲ့အကြမ်းတမ်းဆုံးနေရာ(ဝါ)တော်၀င်သားရဲထိန်းကျောင်း

"ဒါကဘယ်လိုအပြုအမူမျိုးလဲ"

ဒုတိယမိဖုရား၏ လက်တစ်ဖက်သည် အထိန်းတော်ကြီးဦးမာဂကိုရွယ်နေသည်ကိုမြင်သောအခါ ဟန်တျာ တစ်ယောက်အံကိုကြိတ်မိသည်အထိ ဒေါသထောင်းခနဲထွက်သွား၏။

ရာရာစစ ဒင်းတို့ကဘိုးဘိုးကိုများ !

"ဧကရီဘုရား၊စိတ်လျှော့တော်ပါမူပါ။"

အထိန်းတော်ကြီးဦးမာဂက ဧကရီ၏ အနားသို့ရောက်လာကာ ခေါင်းငုံ့၍ ခစားသည်။

ထိုအချိန်တွင် ဒုတိယမိဖုရား(၁)သည် မခံမရပ်နိုင်စွာဖြင့်...။

"အစေခံတွေက မိဖုရားတစ်ပါးကို ကိုယ်ထိလက်ရောက်စော်ကားတာဖြစ်သင့်ပါရဲ့လားဘုရား၊အခုတော့ ဧကရီဘုရားရဲ့ အထိန်းတော်နဲ့ နန်းတွင်းသူမက ကျွန်တော်မျိုးတို့နှစ်ယောက်လုံးရဲ့ မျက်နှာကို လက်နဲ့ပါရိုက်ခဲ့ပါတယ်၊အသင်ကဘယ်လိုလုပ် ကျွန်တော်မျိုးတို့ကိုပြစ်တင်ရတာလဲဘုရား။"

"ဒါကဧကရီရဲ့ အမိန့်တော်ပါ မိဖုရား၊သင်ကျွန်ုပ်တို့ကိုအပြစ်မမြင်ဖို့မျှော်လင့်ပါတယ်။"

မယ်အိက အေးတိအေးစက်ဖြင့်၀င်ပြောလိုက်သည်။

"ဘာ! ဧကရီကဘယ်လိုလုပ်ပြီး.."

"သင်ကကျွန်ုပ်ရဲ့အတည်ပြုချက်ကိုလိုချင်နေတာဆိုရင်တော့ ကျွနိုပ်ခိုင်းလိုက်တာအမှန်ပဲလို့ပြောချင်တယ်။"

ဟန်တျာသည် မျက်နှာရှုံ့မဲ့နေသောဒုတိယမိဖုရားများကိုဂရုမစိုက်စွာတစ်ချက် ကြည့်ကာ ရင်ခွင်ထဲရှိ အဖြူလုံးလေးအားဆက်ကလိလိုက်ပြီးပြောလိုက်သည်။ အဖြူ‌လုံးလေးကမူ ၎င်းအားဆော့ကစားပေးသည့်အဖော်ရသဖြင့် တခစ်ခစ်ရယ်မောကာ ပျော်ရွှင်နေတော့သည်။

"ဧကရီ၊သင်ဟာဘယ်လောက်ပဲမြင့်မြတ်နေပါစေ၊ကျွန်ုပ်တို့ဟာလည်း ဧကရာဇ်ရဲ့မိဖုရားတွေပါ၊သင့်အနေနဲ့ဘာအကြောင်းနဲ့မှ အစေခံတွေကို ခိုင်းစေပြီးကျွန်ုပ်တို့ကိုဒီလိုပြုမူလို့မရဘူး။"

ဒုတိယမိဖုရား(၁)က ဒေါသတစ်လိပ်လိပ်ထွက်ကာရိုသေလေးစားမှုများကိုသတိမထားနိုင်တော့ဘဲ အော်ဟစ်တော့သည်။ဘယ့်နှယ့် သင်းတစ်‌ယောက်တည်းမြင့်မြတ်တယ်ထင်နေတာလား၊ငါတို့ဟာလည်း ပထမအဆင့်အိမ်တော်ကသက်ဆင်းတဲ့အဆင့်မြင့်မိဖုရားတွေဘဲ‌၊ရာရာစစ အစေခံကိုများရိုင်းစိုင်းခွင့်ပြုထားတယ်ပေါ့လေ !

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now