(10)

223 19 3
                                    

[Unicode]

>>>"ဖြစ်ရမယ် မေကြီးသားငယ်လေးရယ်။
အခုရော ဗိုက်ထဲကအောင့်နေသေးလား။
ဘယ်လိုလုပ်ပါ့မလဲ။ မေကြီးတော့
ခုချက်ချင်းသာ ပြေးလာချင်တော့တာပဲ။"

"သားလည်း မေကြီးကိုသတိရတယ်။"

အမေဖြစ်သူရဲ့ ပူပန်သောကတွေက ဖုန်းထဲကနေ
လျှံကျလာတော့ သားဦးက ဒီဘက်မှာ
နှာတရှုံ့ရှုံ့ဖြစ်လာသည်။ သားဦးက
ဖုန်းစပီကာကိုဖွင့်ပြီး ပြောနေတာမို့
မနက်စောစောစီးစီး သားအမိနှစ်ယောက်
အလွမ်းသယ်နေကြတာကို ခိုင်ခန့်က
ဘေးကနေ အကုန်ကြားနေရ၏။

အဲ့ချီးထုပ်က ကိုယ့်ရောဂါကိုယ်ရှာဖွေယူပြီး
အဝေးရောက်နေတဲ့ မိဘတွေကို သက်သက်မဲ့
စိတ်ဒုက္ခလှမ်းပေးနေတာ။ အမေကို
တတွတ်တွတ်တနေရအောင် အခု သူ့အနားမှာ
သူ့ကိုစောင့်ကြည့်ပေးနေတဲ့လူ မရှိလို့လား။
သူက အခုလိုလုပ်ပြနေတော့ ကိုယ်ကပဲ သူ့ကို
ဖြစ်ချင်ရာဖြစ်ဆိုပြီး ပေယျာလကန်ပစ်ထားသလိုလို။

>>>"ခိုင်ခန့်လေး အနားမှာရှိလား။ မေကြီးမှာချင်လို့
သူ့ကို ဖုန်းပေးလိုက်ပါဦး။"

"ဟုတ် မေကြီး။"

သားဦးက ခိုင်ခန့်ကို ဖုန်းကမ်းပေးလာသည်။
စိတ်အလိုကျအတိုင်းသာဆိုရင် ငြင်းလိုက်မှာဆိုပေမဲ့ အသိစိတ်က "လူမှုရေး၊ လူမှုရေး"လို့ သတိပေးလာတော့
ခိုင်ခန့်သည် ဖုန်းပြန်ဖြေရန် ပြင်လိုက်၏။
ဒေါ်ထားထားရဲ့ အတောမသတ်နိုင်သော
မှာတမ်းခြွေမှုများက တသီတစ်တန်းကြီး လာတော့မည်။
နားမထောင်ရသေးခင် အလျင်မီလေး ခိုင်ခန့်မှာ
အသက်ကို ပြင်းပြင်းရှူသွင်းထားလိုက်ရသေး၏။
မဟုတ်ရင် နားထောင်နေရင်းနဲ့ ပြောတဲ့လူအစား
သူက မောလာတော့မှာလေ။

"ဟုတ်ကဲ့ အန်တီ။"

>>>"အေး သားရယ်။ သားလည်း
အလုပ်တွေပိုနေမှာပေါ့။ သားကိုလည်း အားနာပါတယ်။
မခိုင်ကတော့ ပြောပါတယ်။ သားငယ်လေးကို
သူလည်းသွားကြည့်ပေးပါ့မယ်တဲ့။ မနက်က
အန်တီ့ကို ဖုန်းဆက်သေးတယ်လေ။
အန်တီတို့ကလည်း မဖြစ်မနေကိစ္စနဲ့ လာရတာဆိုတော့ ချက်ချင်းပြန်လာဖို့က အဆင်မပြေဖြစ်နေတာ။
သားသူငယ်ချင်းကို ဂရုစိုက်ပေးပါဦးနော်။
အဲ့ကလေးက ^#^**&/#&^**+:/=%:-=*?%"

You've reached the end of published parts.

⏰ Last updated: Nov 10, 2023 ⏰

Add this story to your Library to get notified about new parts!

Falling in love with a crazy little boyWhere stories live. Discover now