(3)

149 30 3
                                    

[Unicode]

ဆရာ့ရုံးခန်းထဲက ပြန်လာပြီးကတည်းက
သားဦးရဲ့မျက်နှာမကောင်း။ မျက်နှာငယ်လေးနဲ့
ဘာစကားမှမပြောတော့ဘဲ ငြိမ်ပြီးထိုင်နေတော့
ဘေးမှာထိုင်နေသည့် အံ့မှူးသော်ခမျာ နေမထိထိုင်မသာ။ ဘာဖြစ်လို့ ဖြစ်လာမှန်းလည်း မသိရ။

"ကောက်ကောက်"

"••••"

"အဲ့ဒီဆရာက ဆူလိုက်လို့လားဟင်"

"••••"

"ဆရာ့ဆီသွားတုန်း လမ်းမှာတစ်ယောက်ယောက်က အနိုင်ကျင့်လိုက်လို့လား"

"••••"

အံ့မှူးသော်ဘာမေးမေး သားဦးက
အားမရှိသည့်ပုံလေးဖြင့် ခေါင်းယမ်းပြသည်။
အံ့မှူးသော်စိတ်မကောင်း။

"မုန့်စားမလားဟင်။ ကောက်ကောက်စားချင်တာ
ပြောလေ။ ငါသွားဝယ်လိုက်မယ်"

ထိုသို့မေးလိုက်တော့မှ သားဦးက ရွရွလေးပြုံးပြလာရင်း ညှောင်နာနာလေးပြန်ဖြေသည်။

"စိတ်လန်းသွားအောင် ချောကလက်မစ်ရှိတ်လေးတော့ သောက်ချင်သလိုလိုရှိတယ်"

"အဲ့လိုလုပ်စမ်းပါ။ ခဏစောင့်နော်။
ငါအမြန်ဆုံးဝယ်ပြီး ပြန်လာခဲ့မယ်"

"အင်း"

အစောကတည်းက သူတို့ကို လှမ်းအကဲခတ်နေသည့်
မင်းသူက အံ့မှူးသော်ထွက်သွားတာနှင့်
သားဦး၏အနားသို့ ထိုင်ခုံတစ်လုံးဆွဲလာကာ
ထိုင်လိုက်သည်။

"သားဦး"

သားဦးက မင်းသူအား တစ်ချက်သာ
မျက်လုံးလှန်ကြည့်ပြီး နဂိုအတိုင်း ဆက်မှိုင်နေ၏။

"မင်း စာမေးပွဲကျပြန်ပြီမလား"

"••••"

သားဦး သက်ပြင်းဖွဖွချရင်း ခေါင်းညိတ်ပြလိုက်တော့
မင်းသူက စုတ်သပ်ရင်း သနားသလိုကြည့်သည်။

"သားဦး... သားဦး။ မင်းကတော့ ခိုင်ခန့်ပြောလည်း
ပြောသွားချင်စရာပဲ။ မြန်မာစာတောင် လတိုင်းနီးပါး
ကျနေမှတော့ မင်းကို အဲ့ဒီxင်ခေါင်းကျယ်ကောင်က
ဘယ်လိုလုပ်ပြန်ကြိုက်တော့မှာလဲ"

Falling in love with a crazy little boyWhere stories live. Discover now