(6)

123 32 2
                                    

[Unicode]

"ဖိုးသားရေ။ နင်ထမင်းလေးဘာလေး
ထမစားတော့ဘူးလား။ တစ်နေကုန်
အဲ့အပင်နဲ့ပဲအလုပ်ရှုပ်နေတယ်။
ကြာရင် နင့်အပင်က လက်ပူမိပြီးသေတော့မယ်။"

"မသေပါဘူး။ မေကြီးကလည်း နမိတ်မရှိနမာမရှိနဲ့။"

"အေး အခုမသေသေးရင်လည်း နင်ဆက်ကိုင်နေမယ်ဆိုရင် မနက်ဖြန်၊သဘက်လောက်ကျ အဲ့အပင်သေတော့မှာ။"

ဒေါ်ထားထား၏ စကားမှန်သည်။
အပင်က လက်ကိုင်များလွန်းနေပြီ။
အချစ်ပေးထားသည့်အပင်ကလေး
နည်းနည်းလေး ညှိုးသွားမှာကိုတောင်
မလိုလားတာမို့ လက်ထဲကရေဖြန်းဘူးနှင့်
မြေဆွခက်ရင်းကိုချခဲ့ပြီးတော့
သားဦးသည် ပန်းအိုးနားကနေ
ထလာခဲ့လိုက်သည်။

သို့သော်လည်း လှည့်တကြည့်ကြည့်။
သစ်ရွက်ကလေးတွေ တစ်ရွက်ချင်းဆီပေါ်မှာတောင်
ဖုန်တစ်စမှမရှိအောင် သခဲ့ပြီးဖြစ်ပေမယ့် သူ့မှာ
သံယောဇဉ်မပြတ်နိုင်သေးပြန်။ ဘေစင်မှာ
လက်ဆေးနေရင်းက မျက်လုံးအကြည့်တို့သည်
ပန်းအိုးရှိသည့် အိမ်ရှေ့ဆီသို့သာ
ရောက်ရောက်နေသည်။

ပန်းအိုးကိုလှမ်းကြည့်ရင်း ဘယ်နှကြိမ်မြောက်မှန်းမသိ
ထပ်ပြုံးမိပြန်ပြီ။ အဲ့ဒီအပင်မှာ အပွင့်တွေအများကြီး
ဝေလာချိန်ကျရင် သူနဲ့အချစ်ကရော ချစ်သူတွေ
ဖြစ်နေလောက်ပြီလား။ အခုလည်း အချစ်က
သူ့ကိုချစ်နေပြီထင်သည်။

"ကိုယ်လုပ်နေတဲ့အလုပ်ကို အာရုံစိုက်စမ်း ဖိုးသား။
နင့်လက်တွေ မပြီးနိုင်မစီးနိုင်ဆေးနေတာ ရေနဲ့နူးပွနေပြီ။"

"••••"

မာတာမိခင်လှမ်းငေါက်ခါမှ သားဦးတစ်ယောက်
ဇက်လေးပု လျှာလေးတစ်လစ်ထုတ်ရင်း
လက်ဆေးလို့ပြီးလိုက်ရသည်။ ဖုံးမရဖိမရအောင်
ပေါ်နေသည့် ပီတိတွေပြည့်နေသော သားဦး၏
မျက်နှာရွှင်ရွှင်အား ဒေါ်ထားထားသည် တစ်ခုခု
ဝေဖန်ချင်နေပုံရသော်လည်း ဘာမှတော့ပြောမလာ။

မူမမှန်သည့်သူ့ပုံစံအား ကြည့်မရဖြစ်နေမည့် မိဘနှစ်ပါးကို သားဦးသည် အားနာလာသည်။ နှုတ်ခမ်းကို ခပ်တင်းတင်း
ဆွဲစေ့ကာပိတ်လိုက်ရင်း တည်ကြည်သည့်ပုံပန်းကို
အတင်းဖမ်းယူလိုက်ရ၏။

Falling in love with a crazy little boyWhere stories live. Discover now