(2)

152 32 6
                                    

[Unicode]

"ကောက်ကောက်!"

"....."

"စိန်ကောက်ကောက်လေး.. ငါ့ကိုစောင့်ပါဦးဟ"

ကျောင်းပြန်တဲ့လမ်းမှာ သားဦးရဲ့စက်ဘီးနောက်
တမောတခေါ ပြေးလိုက်လာတဲ့ အံ့မှူးသော်။
သားဦး သက်ပြင်းတစ်ချက်ကို
ဆောင့်ကြီးအောင့်ကြီးချပြီး စက်ဘီးကို
ဘရိတ်အုပ်ကာ ရပ်စောင့်နေပေးလိုက်သည်။

အဲ့လောရှည်ကောင်က သူများသားသမီးကို
ကောက်ကောက်.. ကောက်ကောက်နဲ့
ဘာလို့အသက်ငင်သလို လိုက်ခေါ်နေရတာလဲ!

သားဦးရဲ့စက်ဘီးနားကိုရောက်တော့ အံ့မှူးသော်က
ဟောဟဲဆိုက်နေပြီ။ မျက်မှောင်ကုတ်ပြီး
ကြည့်နေသည့် သားဦးကို စကားတန်းမပြောနိုင်သေးဘဲ
ဒူးနှစ်ဖက်ပေါ် လက်ဖဝါးထောက်ပြီး
ကုန်းကုန်းကွကွဖြင့်ပင် ခဏအမောဖြေလိုက်ရ၏။

"ဘာကိစ္စရှိလို့လဲ။ ဘာပြောဖို့ ငါ့နောက်ကို
အမောဆို့တဲ့အထိ ပြေးလိုက်လာတာလဲ"

"ကောက်ကောက်က ဘယ်ကိုပြန်မှာလဲ"

"မင်းမေးခွန်းက ကြောင်လှချည်လား။
ကျောင်းဆင်းတာ ငါ့အိမ်ငါမပြန်လို့
ဘယ်ကိုပြန်ရမလဲ။"

မောနေသည့်ကြားက အံ့မှူးသော်ရယ်မိသည်။ မျက်မှောင်ကုတ်ပြီး ကောက်ကောက်
ပြန်ဖြေလိုက်တဲ့ပုံက တကယ့်စွာတေးလန်။

"အချိန်ရသေးရင် ကောက်ကောက်ကိုငါ
မုန့်လိုက်ကျွေးချင်လို့လေ။ ငါတို့သူငယ်ချင်းဖြစ်တဲ့ အထိမ်းအမှတ်ပေါ့"

"ငါက.."

ငြင်းမယ်လို့ ပါးစပ်ပြင်ပြီးခါကျမှ သားဦးသည်
မငြင်းချင်ပြန်။ အံ့မှူးသော်ဝယ်ကျွေးမည့်
မုန့်ကိုလည်းမငြင်းချင်။ နောက်ပြီး
သူငယ်ချင်းလုပ်ဖို့ကိုလည်း မငြင်းချင်။
အငြင်းခံရတာ ဘယ်လောက်တောင်
ဝမ်းနည်းဖို့ ကောင်းလိုက်သလဲ။

ပြောလိုက်ရင် ​ဘာတဲ့..

"ဦးနှောက်မရှိလို့"!

"ဖျင်းလို့"!

"ဉာဏ်ရည်မမီတဲ့သူတွေနဲ့ မပေါင်းဘူး"!

Falling in love with a crazy little boyWhere stories live. Discover now