"အဲ့ဒါဆို သူပြောတဲ့ကလေးအဖေကမင်းဆိုတာတကယ်ပေါ့!"

ဝမ်ရိပေါ်ကမားကိုပြန်မဖြေနိုင်တော့ဘဲသူ့အခန်းထဲကပြေးထွက်သွားပြီးအောက်ထပ်ကိုပြေးဆင်းလာ၏။ ဧည့်ခန်းနားရောက်မှအရှိန်သတ်ပြီးပါးနဲ့ရှောင်းကျန့်ကိုချောင်းကြည့်လိုက်တယ်။ သူ့ရင်တစ်ခုလုံးလည်းပေါက်ကွဲမတတ်ခုန်နေတယ်။ ရှောင်းကျန့်ကအရင်ထက်ပိုပိန်သွားပေမယ့်ဆွဲဆောင်မှုရှိရှိလှပနေတုန်းဘဲ။ ပြီးတော့ရှောင်းကျန့်ရင်ခွင်ထဲကကလေး..

မျက်လုံးဝိုင်းဝိုင်းတွေနဲ့အရာရာကိုစူးစမ်းနေတယ်။ ကလေးမှာဆံပင်ကောက်ကောက်လေးတွေရှိတယ်။ အဲ့ဒါကိုရှောင်းကျန့်ကအလယ်ထိပ်နေရာတစ်ဝိုက်ကဘဲအရှည်ထားပြီးကျန်တဲ့နေရာတွေကိုပြောင်ရှင်းနေအောင်ရိပ်ထားတယ်။ ကလေးကဖြူဖြူသန့်သန့်ဝိုင်းဝိုင်းလေး။ ခေါင်းလေးကဝိုင်းဝိုင်းကြီးကြီးလေး။ နည်းနည်းနုံအမယ့်ပုံဘဲ...။ ကလေးလက်ကပါးစပ်ထဲရောက်သွားတော့ရှောင်းကျန့်ကထိုလက်ကိုပြန်ဆွဲထုတ်ပြီးသူ့ပါးကိုပြုံးပြတယ်..

သူမနာလိုဘူး။ ရှောင်းကျန့်ကိုအဝေးကိုခေါ်ထုတ်သွားချင်တယ်..။ ဝမ်ရိပေါ်ကတံတွေးမြိုချကာစိတ်အေးအေးထားပြီးဧည့်ခန်းထဲဝင်လိုက်တယ်။ သူ့ကိုမြင်တော့ရှောင်းကျန့်ကစိတ်လှုပ်ရှားသွားပုံရပြီးလက်သီးဆုပ်လေးတင်းကျပ်သွားတာကိုမြင်လိုက်ရတယ်။ ပြီးတော့ဝမ်ဝမ့်ကိုချီပြီးထရပ်တယ်...။ နှစ်ယောက်လုံးစိတ်လှုပ်ရှားနေပြီးအချိန်တစ်ခုအထိငေးကြည့်နေကြတယ်..

ရှောင်းကျန့်ကအပြစ်လုပ်ထားတဲ့သူဆိုတော့ပိုပြီးစိတ်လှုပ်ရှားနေမှာပေါ့။ ရှောင်းကျန့်ဗြုန်းစားကြီးကလေးတစ်ယောက်နဲ့ပေါ်လာတော့သူဘယ်လိုတုန့်ပြန်မလဲဆိုပြီးလည်းရှောင်းကျန့်ကကြောက်နေပုံရသည်။ မားနဲ့ပါးကလည်းသူပွဲကြီးပွဲကောင်းဖြစ်မှာကိုစောင့်ကြည့်နေပုံရသည်။ အသံတစ်ချက်မှမထွက်ကြ..

"ဟယ်..ဟယ်လို"

တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သူကတော့ရှောင်းကျန့်ရင်ခွင်ထဲကဝမ်ဝမ်ပေါက်စလေးပင်။ ဝမ်ဝမ်ကလည်းနည်းနည်းစိတ်လှုပ်ရှားနေပုံရပေမယ့်သူ့ကိုကြည့်တဲ့အကြည့်တွေမှာလွမ်းဆွတ်မှုတွေ၊ချစ်ခင်မှုတွေပြည့်နှက်နေသည်။ နောက်မှရှောင်းပြန်ပြောပြတာကဝမ်ဝမ်သိတတ်စအရွယ်တည်းကရိပေါ်ပုံကိုပြပြီးသူ့ကိုမစိမ်းအောင်၊ချစ်ခင်အောင်သူ့အကြောင်းအမြဲပြောပြနေခဲ့တာတဲ့..။ ပြီးတော့ဝမ်ဝမ်ကဒီနေ့သူ့ဒက်ဒီကိုတွေ့ရတော့မယ်ဆိုတော့အရမ်းပျော်နေခဲ့တာတဲ့..

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now