Part:1

7K 207 15
                                    

Unicode

"အားဝမ် ပေကျင်းရောက်ရင် ဦးလေးရှောင်ရဲ့ စကားကိုနားထောင်ရမယ်နော် မားတို့မရှိဘူးဆိုပြီး ဖြစ်သလိုမနေနဲ့ ကျန်းမာရေးလည်းဂရုစိုက် စာကျိုးစားရမာနော် "

"အေးပါ မားရယ် ဒီစကားက မားအရင်တစ်ပတ်ကတည်းက ပြောတာနော် သားအလွတ်ရနေပြီ "

ဟုတ်ပါတယ် ဝမ်ရိပေါ်က uniကို လော့ယာန်ကနေ ဘေကျင်းကို သွားတက်မာဖြစ်တယ်။ အဆောင်မာ စိတ်မချလို့ ဆိုတဲ့မားက ဦးလေးရှောင်တို့ အိမ်မာ နေခိုင်းတာလေ။ ဦးလေးရှောင်က ပါးနဲ့သူငယ်ချင်း ဖြစ်ပြီး ဖန်ရှင်းရဲ့ဦးလေးဆိုလည်း မမှားပေါ့

အခုသွားမာလည်း သူတစ်ယောက်တည်း မဟုတ်ပဲ ဖန်ရှင်းပါ ပါနေတာကို အဲ့လောက်ထိ အကဲပို မာနေသော မားစကားကြောင့် ရိပေါ် ခေါင်းမူးချင်ပြီလေ

သားဖြစ်သူက ပညာသွားသင်တာကို စစ်ထွက်နေတာနဲ့ မှားများမှတ်နေသလား မသိ
မာနေလိုက်တာ ပြီးကိုမပြီးနိူင်တော့ဘူးးးးးးး

ပါးမရှိတော့တဲ့ အချိန်ကစပြီး မားက သူ့ကိုအမေနေရာ သာမက အဖေနေရာပါ သွန်သင်ဆုံးမပေးနေတာမို့ ရိပေါ်မားခက်ခဲအောင် မလုပ်ပါဘူးးးးးးး

ဆင်းရဲတယ့်အထဲ မဟုတ်ပေမယ့် ရေလိုလျှံထွက်နိူင်လောက်ထိ ချမ်းသာနေတာ မဟုတ်
သူတို့သားအမိ နှစ်ယောက်အတွက်တော့ ဒီတစ်သက်စိတ်မပူရတဲ့ အခြေအနေလေးပါ

"ဟိုရောက်ရင် မားကိုဖုန်းဆက်နော် အဆင်မပြေတာ တစ်ခုခုရှိရင်လည်း မားကိုတန်းပြော
သားနဲ့အတူ မားအမြဲရှိနေတယ်နော် "

"အွန်း" မားစကားကြားတာနဲ့ လူကငိုချင်လာတယ်။ မားနဲ့အခုလိုမျိုး တစ်ခါမှမခွဲဖူးသေး
တာမို့ ရိပေါ်လည်း ကြောက်နေမိတာတော့အမှန်

"ကဲ့ပါ မငိုနဲ့တော့ မားရဲ့ဝက်ပေါက်စလေး"

"အွန်း မာမား သားကဝက်မဟုတ်ဘူးနော် ကျားသစ် "

"အင်းပါ မားဝက် ကျားသစ်လေးရယ်...အိပ်တော့နော် မနက်အစောသွားရမာ ခေါင်းမကြည်ပဲနေမယ် "

"အွန်း မာမားနဲ့မခွဲချင်ဘူး"

"သားကျောင်းပိတ်ရင် ပြန်လာလို့ရတယ် မျက်စိမှိတ်တော့ "

အချစ်မီးOù les histoires vivent. Découvrez maintenant