Final

337 28 2
                                    

Unicode

"ဒယ်ဒီညစ်တယ်"

"ငါဘယ်မှာညစ်လဲ ဂျေး၀န်း"

"ညစ်တယ်ယေ တားနိုင်တာကို ဒယ်ဒီက...."

"မဟုတ်တာတွေမပြောနဲ့ ဂျေး၀န်း!!"

"ပါးပါးယေ ဒယ်ဒီက တားယိုအော်နေတယ် အဟင့် အီး...."

"မင်း!!"

"ကိုကို သားနဲ့ရန်ဖြစ်နေပြန်ပြီလား"

"ကိုယ်နိုင်တာကို ဒီကောင်က လာညစ်နေတာလေ"

"သားကကလေးပဲရှိသေးတယ်လေ ကိုကိုရယ်"

"မင်းပြောနေတဲ့ကလေးက မင်းကိုတောင်ရောင်းစားမယ့် အလည်ကောင်နော် ၀န်း"

ဂျောင်၀န်း သက်ပြင်းသာချမိတော့သည်။
ဒီသားအဖနှစ်ယောက်က တည့်ရင်လည်း သူတို့အပြင်မရှိ။ ရန်ဖြစ်ရင် စကားကိုကတ်သတ်ပြောတတ်တာဟာ တစ်ပုံစံထဲ။

ဂျေး၀န်းလေး မွေးခင်းစအရွယ်က ပင်လယ်ကမ်းခြေသွားတဲ့လမ်းမှာ သူတို့တွေ့ခဲ့ကြသည်။ စစတွေ့တုန်းက မိဘမဲ့ဂေယာပို့ဖို့ စဉ်းစားမိပေမယ့် သံယောစဉ်တွယ်သွား မိတာမို့ မွေးဖို့သာဆုံးဖြတ်လိုက်သည်။

ယခုဆို၃နှစ်ကျော်နေတဲ့ဒီကလေးက သိပ်လည်တာ။
စွာလဲစွာသလို ချွဲလဲချွဲသေးတဲ့အတတ်ကလေး။

"ဒီနေ့ ဦးဦးဆောင်းဟွန်းတို့လာလိမ့်မယ် မဆိုးရဘူးနော် သား"

"တားကမချိုးပါဘူး လေးဟွန်းနဲ့ လေးယွန်းတို့က အလိုရိုက်တာကို"

"အော်ဟော့် သားကမဆိုးဘူး‌ ‌လေးလေးတွေက အလိုလိုက်တယ်ပေါ့ ဟုတ်ပြီ ဒါဆိုလည်း အလိုမလိုက်ဖို့ ပြောထားရမယ်"

"ပါးပါးကယဲ..."

"ဟွန့် အတတ်ကလေး"

"ဂျောင်၀န်းရေ"

"အာ hyungတို့လာပြီလား"

"တူလေးရော"

စစရောက်လာထဲက သားကိုအရင်မေးတဲ့ အကိုဆောင်းဟွန်းပါ။

"လေးယွန်းရော"

သားကအပြေးလာပြီး အကိုဂျယ်ယွန်းကိုတန်းမေးသည်။

"ငါ့ကိုအရင်တွေ့တာကို...."

စိတ်ဆိုးသွားပုံရတဲ့ ပတ်ခ်ဆောင်းဟွန်းက ကလေးကြီးလိုမျိုး...။
ဒီလိုအချိန်တွေဆို သူတို့ညီအစ်ကိုနှစ်ယောက် တကယ်တူတာ။ ဘာဖြစ်ဖြစ် သားက သူတို့ကိုအရေးပေးတာကို ခံချင်နေကြတာ အသိသာကြီး။

-ဆု-|Prize|/JAY AND JUNGWON/ [complete]Where stories live. Discover now