-ဆု-|Prize| Part-2

545 50 0
                                    

Unicode

ခုမှ၄နာရီပဲရှိသေးတာကြောင့် မှိုင်းပျပျ အလင်းဓာတ်လေးက
လိုက်ကာစကို ထိုးဖောက်ရင်း တစ်စိုးတစ်စ ထွက်ပေါ်နေသည်......မထချင်ပေမယ့်လည်း ထလိုက်ရပြန်ပါပြီ အိမ်မက်ကြီးကို ထပ်မမက်ချင်တော့လို့။
<<<<<<<<<<<<<<<<<<
♣-ဆု-♣

'ကြုံဖူးကြရဲ့လား တစ်ခါတစ်ရံ ကိုယ်မုန်းနေတဲ့အရာတွေက ကိုယ့်ကို ပျော်ရွှင်အောင်လုပ်ပေးလိုက်တာမျိုး.....ကိုယ့်ဘ၀တစ်ခုလုံးကိုပြောင်းလဲပေးလိုက်တာမျိုးလေ........'

•••••••••••••••••••••••••••
ဒီရက်ပိုင်းထဲ မနက်မနက်ဆို ကောင်းကင်ကြီးက အုံမှိုင်းလွန်းလှသည်။

'မုန်းလိုက်တာ'

တိမ်မဲကြီးတွေလည်းမကြိုက်ဘူး
မှိုင်းပျနေတာကိုလဲမကြိုက်ဘူး
အဆိုးအဆုံးက မိုးရွာမှာကိုမကြိုက်ဘူး
အသွေးအသားထဲကပါ မုန်းတာမို့။
__

စိတ်ပျက်လက်ပျက်နဲ့ထွက်လာခဲ့တော့....မနက် ၆:၃၅
နေမတိုးသေးတဲ့အချိန်လေးဟာ မိုးအုံ့အုံ့လေးမို့ နေလို့တော့ကောင်းသား.....ဒီလိုချိန်သာ မိုးရွာလိုက်ရင် အရမ်းအေးချမ်းသွားမယ်ထင်ပါရဲ့။

အဲ့ဒိနေ့ကကြောင့်သာမဟုတ်ခဲ့ရင် ငါမင်းကိုမမုန်းမိလောက်ပါဘူး.......ဒါပေမယ့်အခုတော့.........မုန်းတယ်။

__

အနက်ရောင်ကားတစ်စီး တက္ကသိုလ်၀င်ပေါက်ကနေ ခန့်ညားစွာ ၀င်လို့လာသည် ပါကင်ထိုးပြီး ကားတံခါး ဖွင့်မယ့်အချိန်ကို ကောင်မလေးတစ်သိုက်က စောင့်လို့နေ၏။
ထိုကားလေးကနေ သူဆင်းလာတယ်ဆိုရင်ပဲ သေချာပါတယ်။
လူတိုင်းတပ်မက်ရတဲ့သူပဲ။

အနက်ရောင် ကုတ်နဲ့ အနက်ရောင် ဘောင်းဘီနဲ့ အနက်ရောင် ကျောပိုးအိတ်ကို တစ်စောင်းလွယ်ထားပြီး ဒီလူက ခန့်တယ်ဆိုတာထက်ကို ပိုတာပေါ့။

ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ အမျိုးသမီးတသိုက်ကို ကျော်ခွပြီး ဘာမှမဖြစ်သလို စာသင်ခန်းထဲ၀င်လာသူဟာ နှစ်ယောက်မရှိတဲ့။

'ပတ်ခ်ဂျုံဆောင်းးးးးးးးးးးး'

'ဘာလဲ'

'Ya....မင်းမ‌နေ့ကကျောင်းဆင်းခါနီး ငါ့ကို အိမ်စာပြမယ်ဆိုပြီး မပြဘဲထွက်သွားတာ အိမ်ရောက်တော့ မာမီကတိုက်တိုက်ဆိုင်ဆိုင် စာအုပ်စစ်တာ ငါအဆူခံလိုက်ရတယ် သိရဲ့လား'

-ဆု-|Prize|/JAY AND JUNGWON/ [complete]Onde histórias criam vida. Descubra agora