-ဆု-|Prize| Part-4

379 48 0
                                    

Unicode

အကယ်၍သာ ဟန်မြစ်ကိုမလာဖြစ်ခဲ့ဘူးဆိုရင် အကယ်၍သာ မိုးမရွာခဲ့ဘူးဆိုရင်
အကယ်၍သာ သူ့ကိုမတိုက်မိခဲ့ရင်
အကယ်၍သာ သူနဲ့မဆုံတွေ့ဖြစ်ခဲ့ဘူးဆိုရင်
ဒီမာဖလာလေးကိုရော ပြန်တွေ့ခဲ့ပါ့မလား အစိတ်အမွမွ ပြိုကွဲသွားပြီဖြစ်ပါတဲ့ မျှော်လင့်ချက်လေးကရော ပြန်အရောင်တောက်လာပါ့မလား။
<<<<<<<<<<<<<<<<<<<
♣-ဆု-♣

'‌နှစ်တွေလတွေကြာညောင်းအောင် လွမ်းဆွတ်တမ်းတရခြင်းတို့သည် ပြီးဆုံးနိုင်တော့မည်လား...မျှော်လင့်မိပါသည် မင်းသာကိုယ့်ရဲ့ အသည်းအသက်လေးဖြစ်ခဲ့ပါရင် သိပ်ကိုကောင်းမွန်တာထက်ပိုနေပါလိမ့်မယ်'

°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဆိုဖာပေါ်ကစိုရွှဲနေပါသောရေတွေကိုသုတ်ကာ ဟိုဟိုဒီဒီပွနေတဲ့ ဆေးအခွံတွေကိုရှုင်းနေရင်း ခုံထောင့်စွန်းနားမှ အဖြူရောင်အစလေးကိုဆွဲထုတ်လိုက်မိတော့ သူထင်မိခဲ့ပါသော အဖြူရောင်ပုဝါစလေးမဟုတ်ပါပဲ မာဖလာအဖြူလေးဖြစ်လို့နေလေ၏။

ဘယ်လောက်ပဲကြာခဲ့ပါစေ ဝေဝါးသွားခြင်းမရှိသော အမှတ်တရတို့သည် မှတ်ညဏ်ထဲ၌ အထင်းသားနေရာယူထားဆဲ။

ကျိန်းသေပေါက်မမှားနိုင်ပါဘူး။ဒါဟာ သူလက်ဆောင်ပေးခဲ့တဲ့ Oneရဲ့မာဖလာ...

ကမ္ဘာပေါ်မှာဒီမာဖလာတစ်ခုပဲရှိတာမဟုတ်ပေမယ့် နှလုံးသားလေးကတိကျစွာပြောနေပါတယ်လေ။

ရူးတယ်ဆိုလဲ ဆိုနိုင်ပါတယ်။ကိုယ်ကရူးနေတာပဲ Oneနဲ့သာပတ်သတ်လာခဲ့ရင်ပေါ့။

ချက်ချင်းဆိုသလို မထိန်းချုပ်နိုင်အောင်စီးကျလာပါသော မျက်ရည်တွေနဲ့အတူ အိပ်မောကျနေတဲ့ ‌လူသားလေးဆီသို့အပြေးအလွှားသွားမိလိုက်သည်။

နှိုးဖို့ထိတော့မတတ်နိုင်ခဲ့ပါ။ဒီလူသား‌လေးဟာနှလုံးသားလေးကိုရူးသွပ်စေနိုင်တဲ့အထိ မထိရက်မကိုင်ရက်လောက်အောင် နူးနူးညံ့ညံ့လေး အိပ်မောကျနေခဲ့တာမို့လို့။

အကယ်၍ ဒီလူသားလေးသာ Oneဖြစ်နေခဲ့ရင် သိပ်ကောင်းမှာပဲ......ကြောင်လေးတစ်ကောင်ဟာ လူမဖြစ်နိုင်ဘူးဆိုပေမယ့် ဒီလူသားလေးကတော့ အဲ့ဒိအဆိုကို သွေဖယ်ပြီး ကြောင်လေးတစ်ကောင်ထက်ကို ချစ်စရာကောင်းလွန်းနေတာကြောင့်။

-ဆု-|Prize|/JAY AND JUNGWON/ [complete]Where stories live. Discover now