-ဆု-|Prize| Part-7

270 36 3
                                    

Unicode

စိတ်ပျက်လက်ပျက်ဖြင့် ဆောင်းဟွန်းတစ်ယောက် ၀ရံတာဆီသို့ထွက်လာခဲ့သည်။

၀ရံတာကနေ လှမ်းကြည့်နေတဲ့ ဆောင်းဟွန်းကတော့ စိတ်ထဲတွင် တစ်ခုခုကိုသိလိုက်သလိုပင်။ ဆောနူကတော့ ဖြူစင်စွာသာ ရယ်မောနေပေမယ့်လည်းပေါ့။

ခံစားချက်တွေက ထိန်းချုပ်ရခက်လွန်းတာမဟုတ်ပေလား။

*ကျွန်တော် အကို့ကို ချစ်မိသွားပြီထင်တယ်*

<<<<<<<<<<<<<<<<<<<<<<<<
♣-ဆု-♣

'အဲ့မျက်လုံးလေးသိပ်လှတယ်
အဲ့မျက်၀န်းတွေနဲ့အကြည့်တွေကလူကိုရူးမတတ်ပဲ

ပါးဖောင်းဖောင်းလေး‌ကိုတော့လေ ကိုယ့်အပိုင်လေးဖြစ်စေချင်မိပါတယ်'

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

"အာ့"

"၀န်း...၀န်းသတိရလာပြီလား"

"ကျွန်တော်.....အာ့ အဟင့်"

မျက်စိနှစ်လုံးပွင့်ပွင့်ချင်းမှာပဲ မြင်လိုက်ရတဲ့ မျက်နှာချောချောကြောင့် နာကျင်နေတာတွေက ယူပစ်သလိုပျောက်သွားရသည်။

အမှတ်တမဲ့ လွတ်ထွက်သွားတဲ့ အသိစိတ်ကြောင့် ဒဏ်ရာရှိနေတာကိုမေ့ပြီး ကျောကို ဖိကာ ထလိုက်တော့ အသည်းခိုက်အောင်နာကျင်လို့သွားရသည်။

ဒါပေမယ့် တန်ပါသည်။ ကိုကိုက သူ့အတွက်နဲ့ အခုလို စိုးရိမ်တကြီးဖြစ်သွားတာမဟုတ်ပေလား။

"အရမ်းနာသွားလား"

"အင်း"

"ကိုယ်ကြည့်ပေးမယ်......အာ...သွေးထပ်ထွက်နေတာပဲ ဆေးထည့်ပြီး ပတ်တီးအသစ်စည်းရမယ်"

ရုတ်တရပ်ဆိုသလို အကျီချွတ်ပေးလာတဲ့ ဂျုံဆောင်းကြောင့် ဂျောင်၀န်းနေရခက်စွာ ရုန်းလိုက်မိသည်။

အစက ကြောင်ပြီး ကြည့်နေတဲ့ ‌ဂျုံဆောင်းက မထိတထိ ပြုံးလာပြီး စကားဆိုလာသည်။

"မင်းလေး သတိမေ့နေတဲ့ တစ်ပတ်လုံး ကိုယ်က ရေပတ်လည်းတိုက်ပြီး အကျီလည်းလဲပေးရတာ ပြီးတော့ ဒဏ်ရာကိုလဲ ကိုယ်ပဲဆေးထည့်ပေးနေကျ ရှက်စရာမလိုပါဘူး"

-ဆု-|Prize|/JAY AND JUNGWON/ [complete]Where stories live. Discover now