Part-14 [Sunki special]

Start from the beginning
                                    

ဒီ ကင်မ်ဆောနူကတော့ ထိန်းသိမ်းရခက်တဲ့လူတန်းစားပဲ။

သူအမှတ်မထင်တွေထထလုပ်ရင် ဒီလူက တောင့်တောင့်ကြီး ရပ်ကျန်နေခဲ့ရတာပဲမလား။

သခင်ကြီး‌အီဟီဆွန်းရှိစဉ်ကလည်း Nikiဟာ မျက်နှာတည်တံ့စွာနေပြီး စွမ်းရည်မြင့်သူမို့အားလုံးက ရှိန်ကြရသည်။

ယခုသခင်ကြီးဖြစ်တော့လည်း သူ့ဂုဏ်ဝါတွေက ပိုလို့ တက်လာသည်။ မကျေနပ်သူရှိသော်လည်း မထိရဲခဲ့ကြ။

ယခု ကြင်သူ အမျိုးသားလောင်းနဲ့တွေ့မှ ရှိသမျှ မာနတွေဟာ ‌ကြက်ပျောက်ငှက်ပျောက်နှင့်။

ယနေ့ညပွဲတော်မှာလည်း ဘယ်လောက်တောင် ထိန်းရအုံးမလဲဆိုတာ....။

ပြောကိုမပြောချင်တော့ပါ....


__


"ငြိုငြင်နေပြီမလား"

"မဟုတ်ဘူးလေကွာ"

"ဟုတ်ပြီ မင်းမငြိုငြင်ရအောင် ငါအဆောင်ပြန်တော့မယ်"

"အဲ့လိုမဟုတ်...."

ရုတ်တရပ်ပွဲတော်ထဲမှ ထထွက်သွားတဲ့ အချစ်တော်ကြောင့် Nikiပျာယာခတ်နေသည်။ သူသာထလိုက်သွားရင် ဟိုသက်ကြားအိုတွေက အပြစ်တင်စရာလမ်းစရအုံးမည်။ မလိုက်ပြန်ရင်လည်း အချစ်ကလေးက စိတ်တော်ငြိုးနွမ်း ဘ၀င်မကျဖြစ်ပေမည်။

နောက်ဆုံးတော့ မနေနိုင်စွာ ပွဲတော်ထဲမှ ထထွက်လာခဲ့၏။

ဂျောင်၀န်းကို အားကိုးရမည်မလား။

သူ့လက်ထောက်မှူးလေးကတော့ ပျော်သွားပုံပါ။

ဂုဏ်သိက္ခာကိုထိန်းဖို့ ပြောခဲ့ပုံက

"ငါရှိနေရင်မင်းတို့မလွတ်လပ်မှာစိုးလို့" ဟူသော...

___





"အကို..ကျွန်တော့်ကိုစိတ်ဆိုးနေတယ်လား"

"မဆိုးဘူး"

"ဆိုးနေတာပဲကို"

"မင်းပဲပြောတော့ငါ့ကိုအလိုလိုက်မယ်ဆို အခုကျ ငြိုငြင်နေတယ်မလား ငါ့ကိုစိတ်ပျက်နေပြီမလား ငါ့ကိုထားခဲ့တော့မှာမလား အီး.....အဟင့်"

-ဆု-|Prize|/JAY AND JUNGWON/ [complete]Where stories live. Discover now