Chapter 8.2(U/Z)

445 90 5
                                    

Unicode

အခန်း ၈.၂ - အထူးဆုကြီး

[လူအိုကြီးပိုင်!ငါ့ကိုထားမသွားပါနဲ့!!!] အိမ်သာသုံးစက္ကူသည်အလိပ်ထဲကနေ အမြန်ဆန့်ထွက်ပြီး ရှီးပိုင်ချန်းရဲ့ လက်ကောက်ဝတ်ကိုအလျင်အမြန် ပတ်ရစ်လိုက်တာမို့ မိနစ်ပိုင်းအတွင်းမှာပဲသူ့ရဲ့လက်သည် ပေါင်းထားတဲ့ပေါင်မုန့်လုံးကြီးတစ်လုံးအဖြစ်သို့ပြောင်းသွားတယ်။

ရှီးပိုင်ချန်းသည် ဘောလုံးပုံစံအိမ်သာသုံးစက္ကူကို ဆုတ်ဖြဲပစ်လိုသည့်ဆန္ဒကို တွန်းလှန်ပြီး သူမကိုစိုက်ကြည့်နေသည်။

[လူအိုကြီးပိုင်~~ငါ့ကိုဒီနေရာကနေ ခေါ်ထုတ်သွားပေးပါ၊ငါ့ဆီမှာမှာဖြူစင်ပြီးနူးညံ့တဲ့ အသွင်အပြင်ရှိတယ်။ပြီး‌တော့တင်ပါးတွေကိုသုတ်ပေးနိုင်တဲ့အပြင် ပါးစပ်၊လက်နဲ့စားပွဲတွေကိုလည်း သုတ်ပေးနိုင်သေးတယ်။ငါ့မှာ အသုံးဝင်တဲ့နေရာအများကြီးရှိတယ်။]

မီလီအမှတ်တံဆိပ် အိမ်သာသုံးစက္ကူသည် သူမကိုယ်သူမကြိုးစားအားထုတ်ပြီးမြှင့်တင်ရုံကလွဲပြီးတခြားနည်းလမ်းမရှိခဲ့ချေ။

ရှီးပိုင်ချန်းသည်အခြားသူများ၏ စိုက်ကြည့်ခြင်းကိုဂရုမစိုက်သော်လည်း အများသုံးရေချိုးခန်းမှ အိမ်သာသုံးစက္ကူကိုခိုးယူခြင်းကဲ့သို့သောအရာမျိုးကို သူမပြုလုပ်နိုင်ပေ။

အချိန်အတော်ကြာ ရုန်းကန်ခဲ့ရပြီးနောက်၊ရှီးပိုင်ချန်းသည် သူမကို လျစ်လျူရှုမထားနိုင်တော့ချေ။

အတွင်းထဲကအလိပ်ကိုယူကာရှီးပိုင်ချန်းသည် အိမ်သာသုံးစက္ကူကို ပတ်ပတ်လည်ပြန်ပတ်ပြီး တင်းမာသောအမူအရာဖြင့် အခန်းထဲမှထွက်သွားသည်။အခြားသူများ၏ ရှုပ်ထွေးသောအကြည့်များအောက်တွင် သူသည် အစောင့်အမျိုးသမီးကိုတွေ့ပြီး “အန်တီ၊ ကျွန်တော် ဒီစက္ကူလိပ်ကို ၁၀ယွမ်နဲ့ ဝယ်လို့ရမလား။ကျွန်‌တော့် ဒီဟာကို အရေးတကြီးသုံးစရာရှိလို့ပါ။"

အစောင့်က ခဏလောက်ငြိမ်သွားပြီး ချီတုံချတုံနဲ့ “ရတယ်ထင်တာပဲ၊ဒါပေမယ့်…” ၁၀ယွမ်နဲ့ဆို စက္ကူလိပ်အသစ်အနည်းငယ်ကိုဝယ်နိုင်တဲ့ဟာ ဘာလို့အများသုံးရေချိုးခန်းထဲက တစ်လိပ်ထဲကိုဝယ်ရတာလဲ။

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)Onde histórias criam vida. Descubra agora