အခန်း ၁.၂ - မင်းရဲ့တံခါးခေါင်းလောင်းသံက အသက်ဝင်လာတယ်။
Unicode
မီလီပိုင်ဆိုင်သော ဤငါးထပ်တိုက်အဆောက်အဦးကို လွန်ခဲ့သော ဆယ်နှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ထိုအချိန်တွင် သူမ၏မိသားစုသည် ကြီးမားသော မြေကွက်တစ်ခုကို လက်ခံရရှိခဲ့ပြီး သူမ၏ အမြော်အမြင်ကြီးသော မိဘများက သူမအား စောစောစီးစီး စီစဉ်ပေးခဲ့သည်။အဆောက်အဦးဆောက်ဖို့ဘဏ်ကနေ ပိုက်ဆံချေးပြီး ချေးငွေ ၇ နှစ် ပေးချေခဲ့သည်။မီလီ ကြီးပြင်းလာသောအခါတွင် သူတို့သည် အဆောက်အဦးကို သူမထံ လွှဲပြောင်းပေးပြီး ကျေးလက်ဒေသသို့ ပြောင်းရွေ့ကာ အငြိမ်းစားယူကြသည်။
မီလီ၏မွေးရပ်မြေသည် ချင်ဝေ့ ခရိုင်တွင်ရှိပြီး လှပသောတောင်တန်းများ၊မြစ်ချောင်းများနှင့်အတူ ရင်သပ်ရှုမောဖွယ်ရှုခင်းများရှိသည်။ဒေသခံတွေဟာ ကျေးလက်ခရီးသွား လုပ်ငန်းတွေကို ဖော်ဆောင်ခဲ့ကြပြီး သူတို့ရဲ့ ဘဝနေထိုင်မှုကလည်း အလွန်အဆင်ပြေပါသည်။သူမ၏မိဘများသည် မြို့ပြ၏ လူနေမှုဘဝကိုမကြိုက်ပေ။သူတို့သည်မြို့မှာ နှစ်အတော်ကြာ နေထိုင်လာခဲ့ပေမယ့် ရွာတွင်ဟင်းသီးဟင်းရွက် စိုက်ပျိုးပြီး ကြက်မွေးမြူတဲ့ နေ့ရက်တွေကို လွမ်းဆွတ်အမှတ်ရနေမြဲဖြစ်သည်။
မီလီသည် အသက်ဆယ့်ရှစ်နှစ်အရွယ်တွင် အဆောက်အဦးကို တာဝန်ယူခဲ့ပြီး ကျန်ရှိသော ချေးငွေကိုလည်းဆပ်ကာ အိမ်ငှားခစုဆောင်းရင်း ကျောင်းတက်ကာ ဘဝကိုအေးအေးဆေးဆေး ဦးဆောင်ခဲ့သည်။အသက် 23 နှစ်တွင် ဘွဲ့ရပြီးနောက် အလုပ်မရှာဘဲ အိမ်တွင် တိုက်ရိုက်ထုတ်လွှင့်သူ ဖြစ်လာခဲ့သည်။တိုက်ရိုက်ထုတ်လွှင့်မှုတွင် လက်မှုပညာ၊ ချက်ပြုတ်မှု၊ဖက်ရှင်၊မိတ်ကပ်ပညာစသည်ဖြင့် အထက်တန်းကျကျနေနိုင်သော ဘဝကိုဖန်တီးရန် ကြိုးစားနေပါသည်။ဤပန်းတိုင်အတွက် သူမသည် မိမိကိုယ်ကို ဗဟုသုတကြွယ်ဝအောင် အမြဲလေ့လာနေခဲ့သည်။
အဆောက်အဦးများ ပြုပြင်မွမ်းမံမှုများစွာပြုလုပ်ပြီးနောက်တွင်သူမ၏အိမ်များသည်ဟောင်းနွမ်းပုံမပေါ်တော့ချေ။မြို့လယ်နှင့် မဝေးသောကြောင့် အိမ်ငှားများ လာစွာ လာငှားကြပြီး တစ်နှစ်ပတ်လုံး လစ်လပ်သည့်နေရာများမရှိပါ။သုံးလေးနှစ်အတွင်း မီလီသည် ချေးငွေကို အပြည့်အဝဆပ်နိုင်မည်ဖြစ်သည်။
VOCÊ ESTÁ LENDO
ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)
Romanceကားမတော်တဆမှုဖြစ်ပြီးနောက်တွင် မီလီသည် သူမကိုယ်ဟာ ထူးဆန်းသော အရာဝတ္ထုမျိုးစုံကို ပြောင်းလဲပိုင်ဆိုင်နိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။အဲ့ဒီနောက်သူမသည်အဲဒီလူရဲ့ တံခါးခေါင်းလောင်း၊နံရံကပ်မီးအိမ်၊စီးကရက်၊နက်ကတိုင်၊ အတွင်းခံ၊အီမိုဂျီ စတာတွေဖြစ်လာခဲ့သည်။...