Chapter 7.3(U/Z)

352 79 1
                                    

Unicode

အခန်း ၇.၃ - မကောင်းဆိုးဝါးသူဌေး

"အားးးး မီလီရေ!" သွမ့်ရှောင်ယွိသည် ခုန်ပေါက်ကာသူမသူငယ်ချင်းကိုပြေးဖက်လိုက်သည်။

“ဂုဏ်ပြုပါတယ်ရှင့်။” မီလီက ပြန်ပွေ့ဖက်ကာပြုံးပြီးကောင်းချီးပေးလိုက်သည်။သူမသည်ထိုကဲ့သို့သောချမ်းသာလာခြင်းနည်းနဲ့ပတ်သတ်တာမျိုးစိတ်ပါဝင်စားမှုနည်းပါးသော်လည်း၊သူမ၏ သူငယ်ချင်းအတွက်ပျော်ရွှင်မှုကိုမတားဆီးနိုင်ခဲ့ပေ။

“ငါအိပ်မက်မက်နေသလိုခံစားရတယ်  ချင်းချင်း၊ငါ့ကိုတကယ်ပဲထီပေါက်တာ ဟုတ်မဟုတ်ပြန်စစ်ပေးဦး။" သွမ့်ရှောင်ယွိကထီထိုးထားတဲ့ထီလက်မှတ်ကို ထုတ်ပြီးမီလီ့ကိုပေးလိုက်တယ်။

{ T/N : သွမ့်ရှောင်ယွိ က တစ်ခါတစ်ရံမီလီကိုချစ်စနိုးနဲ့ ချင်းချင်းလို့ ခေါ်ပါတယ်။နာမည်မှားတာမဟုတ်ပါဘူးရှင့်။}

မီလီသည်ထီလက်မှတ်ကိုယူပြီး နံပါတ်များကိုကြည့်လိုက်သည်။ပြီးနောက် သူမသည်လက်ရှိထီပေါက်သောနံပါတ်များကို စစ်ဆေးရန်သူမ၏လက်ကိုင်ဖုန်းကို ထုတ်ကာ “ဟုတ်တယ်၊နင်တစ်ကယ်ကြီးထီပေါက်တာ” လို့အတည်ပြုခဲ့တယ်။

သွမ့်ရှောင်ယွိသည်သူမ၏လက်သီးကို မြှောက်လိုက်ပြီး "ရေးးးးး!"

"အိုကေ၊ငါတို့ဆုလက်ခံဖို့သွားရမှာမဟုတ်ဘူးလား" မီလီကထီလက်မှတ်ကို သူမဆီပြန်ပေးကာပြုံးပြီး "သွားကြစို့၊ငွေမြန်မြန်ရလေလေ၊နင်စိတ်သက်သာရာရလေလေပေါ့။"

“အိုကေပါ” သွမ့်ရှောင်ယွိသည် ထီလက်မှတ်ကိုသေသေချာချာသိမ်းလိုက်ပြီးမီလီနှင့်အတူတူထီဆိုင်ရှေ့သို့ရောက်ရှိလာခဲ့သည်။

နှစ်နာရီကျော်ကြာအောင်စစ်‌ဆေးပြီးနောက် (မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုခြင်း၊စည်းမျဥ်းစည်းကမ်းများ လိုက်နာခြင်း၊အခွန်ပေးဆောင်ခြင်း၊ ဖောင်များလက်မှတ်ရေးထိုးခြင်းနှင့် ဓာတ်ပုံရိုက်ခြင်း)၊သွမ့်ရှောင်ယွိသည် နောက်ဆုံးတွင်ယွမ်ငွေသန်း 30 ဘဏ်ကတ်ကိုလက်ခံရရှိခဲ့သည်။

သူမသည်ဘဏ်ကတ်ကိုဝှေ့ယမ်းပြီး ဂုဏ်ယူစွာဖြင့် "သွားကြရအောင်၊ငါထမင်းကျွေးမယ်။"

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)حيث تعيش القصص. اكتشف الآن