အခန်း ၂.၂ - ငါကနတ်ဆိုးတစ်ကောင်ပဲ။
Unicode
သူမ၏ "အသိစိတ်"ကနိုးထလာသောအခါ မီလီသည် မီးခိုးရောင်နှင့်ကျဉ်းမြောင်းသော နေရာတစ်ခုတွင်ရှိနေသည်ကိုတွေ့လိုက်ရပြီး အပြင်ဘက်တွင်လည်းစူးစူးဝါးဝါးအသံထွက်နေသည်။
သေလိုက်ပါတော့၊သူမသည်နောက်ထပ် ထူးဆန်းသောအရာတစ်ခု ဖြစ်နေပြန်ပြီ။
ကျဉ်းမြောင်းသောနေရာအတွင်း သူမစတင်လှုပ်ရှားခွင့်ရသည်မှာ အချိန်မည်မျှကြာသွားမှန်းတောင်မသိပေ။အဲဒီနောက်မှာတော့သူမရဲ့ဦးခေါင်းထက်မှာ တောက်ပတဲ့ အလင်းရောင်တစ်ခုထွက်ပေါ်လာပြီး သူမရဲ့ အမြင်အာရုံဟာ ချက်ချင်းကျယ်ပြန့်လာပါသည်။လက်နှစ်ချောင်းက သူမအနားကို ချဉ်းကပ်လာပြီး ကျဉ်းမြောင်းတဲ့နေရာကနေ ဆွဲထုတ်လိုက်တယ်။"ကလစ်" ဆိုတဲ့အသံနှင့်အတူမီးတောက်တစ်ခုပေါ်လာပြီး စီးကရက်တစ်လိပ်ကို မီးညှိနေသည်။
မီးခိုးငွေ့ တစ်ဖျပ်ဖျပ်လွင့်နေသည်နှင့်အညီ မီလီသည်သူမဟာ အခုမီးတောက်နေသည့်ဆေးလိပ်ဖြစ်နေမှန်းသိလိုက်ရသည်။သူမကို ပိုလို့တုန်လှုပ်သွားစေခဲ့တာကတော့ သူမကိုကိုင်ထားတဲ့ လက်ချောင်းတွေက နှုတ်ခမ်းတစ်စုံဆီကို ဦးတည်နေတာပါပဲ။
သူမကို စုပ်တော့မည်ကိုမြင်လိုက်ရသဖြင့် သူမသည်မထိန်းနိုင်ဘဲ အော်ဟစ်နေကာ : [ရပ် ရပ်။ကျွန်မကိုမစုပ်နဲ့။]
ဆေးလိပ်သောက်ခြင်းသည် ခေတ္တရပ်သွားသည်။လက်ချောင်းများက သူမကိုအဝေးသို့အနည်းငယ် ရွှေ့လိုက်တာမို့ နောက်ဆုံးတော့မီလီသည်ပိုင်ရှင်ကိုတွေ့လိုက်ရသည်။အရင်က မြင်ဖူးထားတဲ့ "အဘိုးပိုင်" လို့ အမည်ရတဲ့ ချောမောတဲ့ ဦးလေးကြီးပဲဖြစ်သည်။
[အဘိုးအိုပိုင်၊အဘိုးပိုင်၊မီးမြန်မြန်ငြိမ်းပေးပါတော့။ကျွန်မမီးလောင်ပြီးသေတော့မယ်။]
မီးတောက်ထဲမှာ မီလီသည် ရှင်သန်ဖို့ မနည်းကြိုးစားခဲ့ရတယ်။
ရှီပိုင်ချန်းသည် စီးကရက်ကို ဖွဖွလေး လှည့်ပတ်ကစားရင်း "မီမီလား" လို့သံသယနဲ့မေးလိုက်တယ်။
YOU ARE READING
ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)
Romanceကားမတော်တဆမှုဖြစ်ပြီးနောက်တွင် မီလီသည် သူမကိုယ်ဟာ ထူးဆန်းသော အရာဝတ္ထုမျိုးစုံကို ပြောင်းလဲပိုင်ဆိုင်နိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။အဲ့ဒီနောက်သူမသည်အဲဒီလူရဲ့ တံခါးခေါင်းလောင်း၊နံရံကပ်မီးအိမ်၊စီးကရက်၊နက်ကတိုင်၊ အတွင်းခံ၊အီမိုဂျီ စတာတွေဖြစ်လာခဲ့သည်။...