Chapter 4.1(U/Z)

373 81 1
                                    

Unicode

အခန်း ၄.၁ - ငယ်ရွယ်နုပျိုသော မိတ်ကပ်ပညာ

မီလီအိပ်ရာမှနိုးလာပြီးနောက်တွင် "ပူလောင်လွန်းသောမိန်းမနှင့်ကြမ်းတမ်းသောခင်ပွန်း" ဟူသော စကားလုံးသည် သူမ၏စိတ်ထဲတွင်အနက်ရှိုင်းဆုံးနေရာယူထားသည်။

သူမချက်ချင်းဘံအင်တာနက်ကနေရှာကြည့်တော့ တူညီတဲ့ခေါင်းစဉ်နှစ်ခု၊သုံးခုကိုတွေ့ပေမယ့် ဇာတ်လမ်းအကြောင်းအရာက သူမဖတ်ဖူးတာနဲ့လုံးဝကိုကွဲပြားနေတယ်။

"သူမတို့နှစ်ယောက်ကမတူညီတဲ့ကမ္ဘာမှာရှိနေတယ်ဆိုတာသေချာနေပြီပဲ။"ဟုသူမကိုယ်သူ မရေရွတ်လိုက်သည်။

လောလောဆယ်ဘာ‌တွေဖြစ်နေတာလဲဆိုတာကိုသေချာမှန်းဆလို့မရတော့မယ့်တူတူမီလီက အဲဒါကိုမစဉ်းစားတော့ဘဲအိပ်ရာကထပြီးရေချိုးဖို့ပြေးသွားတယ်။

သူမထွက်သွားပြီး သိပ်မကြာခင်မှာပဲ Rainbow Fart လို့ အမည်ရတဲ့စာရေးသူရဲ့ "ပူလောင်လွန်းသောမိန်းမနှင့်ကြမ်းတမ်းသောခင်ပွန်း" ဆိုတဲ့ ဝတ္ထုတစ်ပုဒ်ကို ဝတ္ထုဝဘ်ဆိုဒ်မှာတင်ခဲ့တယ်။

မီလီသည် ညနေပိုင်းတွင် အလှကုန်များကိုတိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်ရန် စီစဉ်ထားပြီး အလှကုန်ပစ္စည်းအမျိုးမျိုးနှင့် မိတ်ကပ်အမှတ်တံဆိပ်အမျိုးမျိုးကို ပရိသတ်များနှင့်မိတ်ဆက်ပေးကာ သူမ၏ အတွေ့အကြုံကိုမျှဝေပေးခဲ့သည်။ပစ္စည်းရဲ့အကျိုးသက်ရောက်မှုအာနိသင်ကောင်းသရွေ့စျေးနှုန်းနဲ့အမှတ်တံဆိပ်က အရေးမကြီးပေ။

အမျိုးသမီးတွေဟာ သူတို့ကိုယ်သူတို့ လှပရမယ်လို့ အမြဲယုံကြည်ထားသည်။အပြင်ပိုင်းအသွင်အပြင်သာမက အတွင်းပိုင်းစိတ်ထားအလှ၊ ကျန်းမာရေးကောင်းမွန်မှုနှင့် နေထိုင်မှုကောင်းမွန်ခြင်းတို့ကိုလည်းရည်ညွှန်းသည်။မိမိကိုယ်ကိုသတ်မှတ်ချက်တစ်ခုထားပြီး ဂရုစိုက်သင့်တယ်။ကိုယ်နဲ့စိတ်အတွက် အကျိုးပြုတဲ့အရာမှန်သမျှကိုကောင်းမွန်အောင်ကြိုးစားရမယ်။

တိုက်ရိုက်ထုတ်လွှင့်မှုစတင်လာသည့်အခါ မီလီသည် တစ်နေ့တာအတွက်အလှကုန်များကို တစ်ခုပြီးတစ်ခုပြသကာ ယင်းတို့၏အမှတ်တံဆိပ်နှင့် လုပ်ဆောင်ချက်များကို အသေးစိတ်မိတ်ဆက်ခဲ့သည်။

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)Where stories live. Discover now