EPISODE (7)

12.6K 1.2K 55
                                    

Unicode
ရှက်နေလို့မရဘူး။ထတာ၀န်အရလုပ်ဆောင်ရမှာဘဲ !

ဟန်တျာ တစ်ယောက် ဧကရီနန်းဆောင်အတွင်းရှိသလွန်ပေါ်တွင်ထိုင်လျက်အတွေးများနေရ၏။ယာ၀အိမ်တော်တွင် စိတ်စွမ်းအားနှင့် ပက်သက်သည့်ပညာရပ်များကိုသင်ကြားခဲ့သည်မှန်သော်လည်းမင်္ဂလာဦးညနှင့်ပက်သက်သည့်ကိစ္စရပ်များမှာမူ နန်းတွင်း အထိန်းတော်များက လျှောက်တင်မှသူ့မှာသိရသည်။

သူဟာ အရွယ်ရောက်ပြီးသားအမျိုးသားတစ်ယောက်ဖြစ်ပေမယ့် အခြားသောသခင်လေးများကဲ့သို့ ငယ်ရွယ်စဉ်လက်တည့်စမ်းခြင်းများအားတစ်ခုမှပင်မလုပ်ခဲ့ဘူးပေ။အကိုတော်များကလည်းမိမိအား အရွယ်မရောက်သေးသော ကလေးအမှတ်နှင့်မည်သည့်အခါမျှ သေရည်ဆိုင်နှင့် အပျော်မယ်အိမ်များသို့မခေါ်ခဲ့။

ယခုတော့နဖူး‌တွေ့ဒူးတွေ့ ကြုံရပြီ။ဟန်တျာ အချိန် အတန်ကြာအောင်စောင့်ဆိုင်းပြီးမှဧကရာဇ်ကအိပ်ဆောင်အတွင်းသို့၀င်ရောက်လာလေသည်။ဧကရာဇ်၀င်လာသည်နှင့် နန်းဆောင်အတွင်းရှိနန်းတွင်းသူများမှာ နန်းဆောင်မီးပိတ်ကာ အပြင်သို့ထွက်သွားကြ၏။ အခန်းတွင်း၌ ခပ်မှိန်မှိန်ဆီမီးများကသာကျန်ရှိနေပြီး လမ်းလျှောက်လာသော ဧကရာဇ်နှင့်အိပ်ယာပေါ်ရှိဧကရီ၏ပုံရိပ်ကိုထင်ဟပ်နေပြန်သည်။ဧကရာဇ်သည် အိပ်ယာပေါ်သို့ရောက်လာကာ ထိုင်ချလိုက်ပြီး တည်ငြိမ်သောမျက်နှာထားဖြင့်ဟန်တျာအားစိုက်ကြည့်နေသည်။ထိုအခါဟန်တျာက ဧကရာဇ်ဘက်သို့လှည့်ကာ ဧကရာဇ်ကိုနဂါး၀တ်ရုံကိုချွတ်ကာ အ၀တ်စင်ပေါ်သို့သွားထားလိုက်သည်။ထို့နောက်ဧကရာဇ်၏ဖိနပ်ကိုချွတ်ပေးလိုက်သည်။နောက်ဆုံး ရေနွေးဇလုံယူကာ ခြေထောက်ကိုဆေးပေးကာ အသင့်ပြင်ထားသောပိုးစဖြင့် သုတ်ပေးလိုက်သည်။

ဧကရာဇ်သည်ထိုအတောအတွင်းမည်သည့်စကားမျှမဆိုဘဲ တည်ကြည်သောမျက်နှာထားဖြင့်သာရှိနေပြန်သည်။

ဟန်တျာကကိစ္စများပြီးသောအခါ

"အိပ်ယာ၀င်လို့ရပါပြီဘုရား"ဟုပြောလိုက်ပြီး ခြုံစောင်အားဖွင့်ကာနေရာပေးလိုက်သည်။

ထိုအခါဧကရာဇ်က

"ကိုယ်တော့် တရား၀င် မယားနေရာကိုရောက်ပြီးမှတော့ တာ၀န်ကိုမေ့ချင်ယောင်ဆောင်ချင်တာလား ဧကရီ" ဟုအနည်းငယ်ပြုံး ယောင်ယောင်မျက်နှာထားဖြင့်မေးသဖြင့် ဟန်တျာ အနည်းငယ်ပင် ကျက်သီးဖြန်းခနဲဖြစ်သွား၏။သို့သော်...

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now