အပိုင်း ၄

Start from the beginning
                                    

အိမ်က ကြီးလွန်းလို့ သူမတို့နှစ်ယောက်သာ ဆန္ဒရှိမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် မတွေ့ဘဲတောင် နေလို့ရတယ် ၊ ပြီးတော့ သူမရဲ့ ကိုယ်ပိုင်အဆောင်မှာ ကင်မရာပေါင်းများစွာကလည်းရှိနေသေးတယ် ၊ ဒီကင်မရာတွေက သူမရဲ့လုံခြုံရေးအတွက်လား စောင့်ကြည့်ခံရဖို့လားဆိုတာတောင် မသဲကွဲဘူး... တစ်စုံတစ်ယောက်ရဲ့စောင့်ကြည့်ခြင်းခံနေရပါပြီ ဆိုကတည်းက သူမမှာ ဘယ်လိုများ သက်တောင့်သက်သာနဲ့ အေးချမ်းနိုင်ပါတော့မလဲ။

ယွန်က သူမရဲ့ ‌ဧည့်ခန်းထဲကို၀င်လာပြီး သက်ပြင်းဖွဖွ တစ်ချက်ချမိ‌‌တယ်။ ဒါပေမယ့်လည်း ဧည့်ခန်းထဲမှာစောင့်နေတဲ့ အမျိုးသမီးကို မြင်တဲ့အခါမှာတော့ သူမ မျက်နှာ ချက်ခြင်းပဲတင်းမာလာတယ်။ အဲ့ဒီအမျိုးသမီးက အတွင်းရေးမှူးယွန်းပဲ ... မဟုတ်သေးဘူး ... ပိုပြီးတိတိကျကျပြောရရင် သူမခင်ပွန်းရဲ့ကောင်မလေး လို့ ပြောရမှာပေါ့။

“ ဒါရိုက်တာနဲ့ သေချာစကားပြောပြီးခဲ့ပြီလား ”

အာ... အတွင်းရေးမှူးယွန်းက ဒီမေးခွန်းရဲ့အဖြေကို သိချင်လို့ ဒီနေရာမှာ တစ်ချိန်လုံးစောင့်နေခဲ့တာလား ? သူမ လောနေတာပဲ ၊ ယွန်တို့ နှစ်ယောက်ကွာရှင်းတဲ့သတင်းကို တခြားဘယ်သူ့ကိုမှ မကြေညာသေးခင် သူမက အရင်ဆုံးသိချင်နေတာလား ? အိုး... မိန်းကလေးရယ် ဘယ်လိုလုပ်မလဲ ? မင်းရဲ့ချစ်သူကတော့ သူ့ဇနီးကို ကွာရှင်းချင်တဲ့ပုံ မပေါ်ဘူးနော်.....

ယွန်က စကားတစ်ခွန်းမှ မဆိုဘဲ ထိုင်လိုက်ပြီး လက်ဖက်ရည်တစ်ခွက် ငှဲ့ လိုက်တယ်။

သူမ အမျိုးသားမှာ ချစ်သူ ရှိရှိ မရှိရှိ ၊ အဲ့ဒီချစ်သူက သူမ အမျိုးသားအနားမှာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဒါတွေက သူမ အာရုံစိုက်ရမဲ့ကိစ္စမဟုတ်ဘူး။

သူမတို့နှစ်ယောက်ရဲ့ လက်ထပ်ခြင်းက စာချုပ်တစ်ခုပါပဲလေ ၊ ဘယ်လိုပဲ မတူညီတဲ့ရှုထောင့်ကနေကြည့်တယ်ဆိုဦးတော့ ဒီလက်ထပ်ခြင်းက အလိမ်အညာတွေနဲ့စတင်ခဲ့တဲ့ ပူးပေါင်းကြံစည်မှုသက်သက်ပဲ ၊ ပိုပြီးအရေးကြီးတာက ဘာအကြောင်းတွေပဲရှိရှိ သူမ ‌ဆောဂျွန်ဟွန်နဲ့ကွာရှင်းဖို့ စီစဉ်ထားခဲ့ပြီးသား။

The Man's Perfect Wife Myanmar Translation Where stories live. Discover now