Chapter 58:ပြေလည်ခြင်း

2.1K 379 6
                                    

(နက်နက်ရှိုင်းရှိုင်းချစ်မြတ်နိုးခြင်း)

ညစားစားပွဲ၌သူတို့နှစ်ယောက်ကြားမှလေထုမှာ အနည်းငယ်လေးလံနေ၏။

ဝမ်တဟူသည်တရုတ်ဆီးသီးစေ့နှင့်ဟင်းနုနယ်ရွက်တို့ကိုလီချင်းရန်၏ပန်းကန်ထဲသို့ထည့်ပေးလာပြီးနောက် ခေါင်းငုံ့ကာဆက်စားနေ၏။

လီချင်းရန်မှာသူ့အောက်နှုတ်ခမ်းထောင့်အားပေါ့ပါးစွာကိုက်လိုက်ပြီး တစ်ခုခုပြောချင်နေသလိုပါးစပ်ကိုဖွင့်လိုက်သော်လည်း အဆုံးတွင်ဘာကိုမှမပြောဖြစ်ခဲ့ပေ။

ညဘက်၌ နှစ်ယောက်သားကုတင်ပေါ်၌နေရာအကျယ်ကြီးခြား၍ကျောပေးကာအိပ်နေကြ၏။

နံရံပေါ်မှနာရီ၏တစ်ချက်ချက်မြည်နေသောငြီးငွေ့ဖွယ်ဆူညံသံနှင့်အတူ သန်းခေါင်ကျော်ချိန်၌အပြင်ဘက်တွင်မိုးစရွာလာတော့သည်။

ဝမ်တဟူမှာမျက်လုံးများကိုဖွင့်ရင်း သက်ပြင်းရှည်တစ်ခုကိုချလိုက်မိ၏။

သူကထထိုင်ကာ ဖိနပ်ပါးကိုစီးရင်းတံခါးကိုဖွင့်လိုက်၏။ဧည့်ခန်းကမှောင်နေသော်လည်း တစ်ချက်ကြည့်ရုံဖြင့်ပြတင်းပေါက်ရှေ့၌ရပ်နေသော ပိန်ပါးလှသည့်ရုပ်သွင်လေးကိုမြင်နိုင်ဆဲသာ။

ဝမ်တဟူကဖြည်းညှင်းစွာလျှောက်သွားလိုက်သော်လည်း သူ၏နောက်ခြေတစ်လှမ်းအလို၌ရပ်လိုက်လေသည်။

မိုးများကမှန်ကိုရိုက်ခတ်နေပြီး ဤနေရာမှကြည့်လျှင် ပြတင်းပေါက်အပြင်ဘက်မှကမ္ဘာကြီးတစ်ခုလုံးသည်ကွဲပြားနေပြီး မှုန်ဝါးသောမိုးစက်များလို။

လီချင်းရန်က ခေါင်းကိုအနည်းငယ်လှည့်လာပြီး အမြဲတမ်းအေးစက်နေခဲ့သည့် မျက်ဝန်းတစ်စုံသည် ယခုအချိန်တွင်တော့ နူးညံ့ညင်သာနေခဲ့၏။သူကဝမ်တဟူကိုကြည့်ရင်း မကျေနပ်ချက်များဖြင့်ပြောလာတော့သည်။

"ရန်ရန်အေးတယ်"

ထို့နောက်တွင်တော့ သူသည်နွေးထွေးသောရင်ခွင်ကျယ်ကြီးထဲသို့ရောက်ရှိသွားလေတော့သည်။

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now