Chapter 34:အိမ်မက်ဆိုး(6)

2.7K 514 30
                                    

(ဘေးသို့ဖယ်ခြင်း)

ဝမ်တဟူနှင့်လီချင်းရန်တို့၏ အလယ်တန်းကျောင်းသားဘဝအသစ်သည် ဆိုးရွားသည်ဟုဆိုနိုင်လေသည်။

အကြောင်းအရင်းမှာ သူတို့နှစ်ယောက်သည်လူတိုင်းနှင့်သီးခြားဖြစ်နေသောကြောင့်သာ။

ရှောင်တိမ်းနေသည့် မျက်လုံးများ၊ လျှို့ဝှက်စွာတီးတိုးပြောသံများ၊ စက်ဆုပ်ရွံရှာမှု၊ ကြောက်ရွံ့မှု၊ အံ့သြမှုနှင့် စပ်စုမှုများ၊ ဤတိတ်ဆိတ်သော်လည်း သိသာထင်ရှားသော စိတ်ခံစားမှုများသည် ပိုက်ကွန်ကဲ့သို့ပင်ဖြစ်ကာ သူတို့ကိုတင်းတင်းကျပ်ကျပ် ဖမ်းချုပ်ထားခဲ့လေသည်။

ဘာသာရပ်တိုင်းမှဆရာများကပင် ဤကဲ့သို့သာ။

အတန်းထဲ၌မည်သူကမှ လီချင်းရန်ကိုမမေးကြသလို သူတို့အားမည်သူကမှလည်းစကားစလာပြောခြင်းမရှိဘဲ ဤအတန်းထဲ၌သူတို့ရှိမနေသလို လူတိုင်းထံမှဘေးသို့ဖယ်ထားခြင်း ခံနေရ၏။

ဤကိစ္စနှင့်ပတ်သက်၍ ဝမ်တဟူ၏နှလုံးသားထဲ၌ စိုးရိမ်မှုများဖြင့်ပြည့်နှက်နေလေတော့သည်။မည်သို့ပင်ဖြစ်စေ သူကအခွံထဲတွင်တော့ရင့်ကျက်သူတစ်ယောက်ဖြစ်နေပြီဖြစ်၍ ပို၍အဆင်ပြေနေသေး၏။အရေးအကြီးမှာ လီချင်းရန်သာ။အကယ်၍သူသည် ဤဆိုးရွားသောပတ်ဝန်းကျင်တွင်အချိန်အကြာကြီးရှိနေရပါလျှင် သူ၏ပြိုလဲပျက်စီးနေသောနှလုံးသားက မည်သို့များခံနိုင်ရည်ရှိပါတော့မည်လဲ?

ထို့ကြောင့်သူသည် "အဝေးသို့သွားရန်" ဟူသော အတွေးတစ်ခု ပေါ်လာခဲ့တော့သည်။

အကယ်၍ဤနေရာနှင့်ဝေးကွာပြီး ဆန်းသစ်ကာမရင်းနှီးသောပတ်ဝန်းကျင်ဖြစ်ပါက အရာအားလုံးကိုအသစ်တစ်ဖန် စတင်နိုင်မည်ဖြစ်လေသည်။

ဤအချက်အတွက် သူကလုံရိမင်ကူညီနိုင်လိမ့်မည်ဟု မျှော်လင့်ကာ သူ့အားဆက်သွယ်ခဲ့လေသည်။

အခြားတစ်ဖက်မှလည်း သတင်းကိုအမြန်ပြန်ကြားပေးခဲ့၏။သူသည် မြို့ထဲတွင်အလယ်တန်းကျောင်းတစ်ကျောင်းကို တွေ့ရှိခဲ့လေသည်။တိုက်ဆိုင်စွာပင် ထိုကျောင်းသည် ဝမ်ယောင်းကျူအလုပ်လုပ်သည့် ကျောင်းဖြစ်ခဲ့လေသည်။ဝမ်ယောင်းကျူသည်လီချင်းရန်ကိုအမြဲတမ်းနှစ်သက်ခဲ့သောကြောင့် သူ့အားနှစ်သိမ့်ကာဂရုစိုက်ပေးချင်နေခဲ့၏။သူတို့၏ကျောင်းဘဝက အတော်လေးချောမွေ့နေပေလိမ့်မည်။

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now