Chapter 52:ဒေါသ

2K 364 10
                                    

(အရူးအတွဲ)

"ဒီလိုမျိုးမလုပ်နဲ့ အတန်းဖော်တဟူ"

မဝေးလှသောနေရာမှာကျိုးဟွေ့က ဤနေရာကိုမြင်သွားပြီးအလျင်အမြန်ပြေးလာကာ သိုက်ဝမ်းပေါ်အားသူ့နောက်တွင်ထားလိုက်ပြီးကြက်ပေါက်လေးတစ်ကောင်လိုကာကွယ်ပေးလာ၏။

"နင်အတန်းဖော်တွေကိုထပ်ပြီးအနိုင်ကျင့်ရင် ငါဆရာမကိုတိုင်ပြောပစ်မယ်!"

"ငါသူ့ကိုရိုက်နေလား? ဒါမှမဟုတ် သူ့ကိုအော်နေလို့လား? ငါသူ့ကိုဘယ်လိုများအနိုင်ကျင့်နေလို့လဲ?"

ဝမ်တဟူကမျက်မှောင်ကြုတ်ကာ ယဉ်ကျေးနေခြင်းမရှိတော့ဘဲပြောလိုက်လေသည်။

"သူကသာအရင်ဆုံးဦးနှောက်ရှုပ်သွားအောင် ပြေးလာတဲ့သူလေ"

"အဲ့ဒါက လီ..လီချင်းရန်ကဟွေ့ဟွေ့ကိုငိုအောင်လုပ်လိုက်လို့လေ!"

သိုက်ဝမ်းပေါ်ကဒေါသထွက်လာပြီး လက်ကိုအပေါ်သို့မြှောက်ကာ လီချင်းရန်အားလက်ညှိုးထိုးရင်းအော်ဟစ်လာ၏။

"ဟွေ့ဟွေ့ကမင်းကိုသိပ်ကြင်နာတာ မင်းကဘာလို့အမြဲတမ်းသူ့ကိုဝမ်းနည်းအောင်လုပ်နေရတာလဲ!"

"သိုက်ဝမ်းပေါ်!"

ဒေါသတကြီးဖြင့်အော်ဟစ်သံနှစ်ခုကတစ်ပြိုက်နက်တည်းထွက်ပေါ်လာလေသည်။

တစ်ယောက်မှာဝမ်တဟူပင်။သူ၏မျက်လုံးများကဝိုင်းစက်နေကာ နောက်စက္ကန့်တွင်ထိုလေးလုံးအားရိုက်ရန်အဆင်သင့်ဖြစ်နေသလိုပင် လက်များကပင်မြှောက်နေခဲ့၏။

နောက်တစ်ယောက်မှာကျိုးဟွေ့သာ။သူမ၏မျက်နှာကနီရဲနေပြီး ရှက်ကိုးရှက်ကန်းဖြင့်ပြောလာ၏။

"နင်ဘာတွေပြောနေတာလဲ! ငါကအတန်းဖော်လီချင်းရန်ကိုဂုဏ်ပြုရုံပါ နင်ပြောသလိုမဟုတ်ဘူး!"

ထိုစကားကိုကြားသောအခါ သိုက်ဝမ်းပေါ်ကနားလည်မှုလွဲသွားခြင်းဖြစ်သည်ဟုခံစားရမည့်အစား ပို၍ပင်ဒေါသထွက်လာတော့သည်။ပထမအချက်မှာ သူကကျိုးဟွေ့ကိုနှစ်အတော်ကြာချစ်ကြိုက်နေခဲ့ခြင်းပင်။ဒုတိယအချက်မှာ ကျောင်းမှအကြံပေးသောနေရာအရေအတွက်မှာ နှစ်နေရာသာ။သူ၏ပညာရေးစွမ်းဆောင်ရည်အရ သူသာကောင်းမွန်စွာကြိုးစားလျှင် ထိုနေရာမှာသူ့နေရာဖြစ်လာနိုင်ပြီး သူနှင့်ကျိုးဟွေ့နှစ်ယောက်လုံးကတက္ကသိုလ်Bသို့ဝင်ရောက်ရန် အိမ်မက်မက်ခဲ့ကြခြင်းသာ။

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now