သူ့ပစ္စည်းတွေကိုသူ့ဘာသူသိမ်းနေတော့အတွင်းရေးမှူးဖုန်းကသူ့လက်ထဲကပစ္စည်းတွေကိုဆွဲလုပြီးငြိမ်ငြိမ်နေဖို့မှာပြန်တယ်။ ရှောင်းကျန့်ကပြုံးလိုက်ပြီးထိုင်ခုံပေါ်မှာငြိမ်ငြိမ်လေးထိုင်နေတယ်။ ရောက်တာဘယ်လောက်မှမကြာသေးတော့သိမ်းစရာတွေကခဏလေးနဲ့ပြီးသွားခဲ့သည်။

"ရှောင်းသခင်လေး သိမ်းစရာတွေကျန်သေးလား"

"မရှိတော့ပါဘူး ပေးလေ ကိုယ်တစ်ဝက်သယ်ပေးမယ်"

"ရှောင်းသခင်လေးအရှေ့ကသွားပါ
ဒါတွေအကုန်လုံးကိုကျွန်တော်သယ်နိုင်ပါတယ်ဗျ"

"အော် အင်း"

ရှောင်းကျန့်ကချွေးတွေစို့နေသောအတွင်းရေးမှူးကိုကြည့်လိုက်ပြီးရှေ့ကဖြည်းဖြည်းချင်းဘဲသွားလိုက်၏။ အတွင်းရေးမှူးဖုန်းကဘယ်လက်ကleggage တစ်လုံးကိုဆွဲထားပြီးညာဘက်လက်ကလက်ဆွဲအိတ်နှစ်လုံးကိုမနိုင်မနင်းသယ်လာခဲ့၏။ ရှောင်းကျန့်ကကူပေးချင်သော်လည်းသူကလုံးဝအကူမခံ။ သူ့ဘာသူဖြည်းဖြည်းချင်းဘဲဆွဲလာတယ်။

"ရရဲ့လားဟင်"

"ရပါတယ် ရှောင်းသခင်လေးသာရှေ့ကသွားပါ ကျွန်တော်နောက်ကလိုက်လာပါမယ်"

ရှောင်းကျန့်ကနောက်ကိုလှည့်ကြည့်ပြီးသူဘာသူဖြည်းဖြည်းဘဲထွက်သွားခဲ့တယ်။ အတွင်းရေးမှူးဖုန်းကအထုတ်တွေကိုချလိုက်ပြီးလက်ကိုခါလိုက်တယ်။ လက်ဆွဲအိတ်နှစ်အိတ်တောင်ဆွဲထားတဲ့လက်ဖဝါးကနီရဲနေရော...

ဒီဒုက္ခတွေကမြန်မြန်လွတ်ရပါလို၏ဘုရား..။
.
.
.
.

ရှောင်းကျန့်ကစောစောအိပ်ရာနိုးတော့ထုံးစံအတိုင်းရိပေါ်သွားတိုက်တံမှာသွားတိုက်ဆေးညှစ်ပေးခဲ့တယ်။ ပြီးတော့မျက်နှာသစ်ပြီးမနက်စာပြင်မလို့အောက်ထပ်ကိုဆင်းလာခဲ့တယ်။

"ရှောင်းသခင်လေးနိုးပြီလား"

"ဟုတ်တယ်ဦးလေးရုန်ဟွေး ရိပေါ်အတွက်မနက်စာပြင်ပေးမလို့"

"မနက်စာကပြင်ပေးပြီးသွားပြီ
ကြက်ဉပေါင်မုန့်ကြော်နဲ့ပေါင်မုန့်အုန်းနို့ဆမ်းကြိုက်တာစားလို့ရတယ်"

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now