"ပါး၊ သားတို့ဘယ်သွားကြမှာလဲ"

"ပါးပါးတို့ မားကတ်ကိုသွားပြီး အစားအစာတွေသွားဝယ်ရမယ်။သားကပစ္စည်းတွေသယ်ဖို့ ပါးပါးကိုကူညီရမယ်"

"အိုး"

ဂေါ်ဖီထုပ်လေးသုံးထုပ်က ကန့်ကွက်တာမရှိဘဲ လင်းဆွေ့ကျိုးနောက်ကနေလိုက်ပြီး ဈေးဝယ်ဖို့ ထွက်ခဲ့ကြသည်။

သူတို့ကောင်းကောင်းကြီးပျင်းလာခဲ့ကြတာပဲ။ဒါကသူတို့ရဲ့မနက်ပိုင်းမှာပထမဆုံးမားကတ်ကို သွားဖူးခြင်းဖြစ်သလို လင်းဆွေ့ကျိုးအတွက်လည်း ပထမဆုံးသွားဖူးခြင်းဖြစ်သည်။

ခြောက်နာရီထိုးနေပြီဆိုတော့ မားကတ်ထဲမှာလည်း မနက်ပိုင်းဈေးဝယ်ကြတဲ့သူတွေနဲ့ပြည့်နှက်နေလေသည်။ကင်မရာမန်းဟာ သူတို့ရဲ့ပုံရိပ်တွေကို ဖမ်းယူနိုင်ဖို့အတွက် သူ‌တို့အနောက်ကနေ နီးကပ်စွာ ကပ်လိုက်လာလေသည်။လင်းဆွေ့ကျိုးဟာ သူ၏သမီးအငယ်လေးပျောက်မှာစိုးတဲ့အတွက် သူမကိုသူ့၏လည်ပင်းနားမှာသယ်ထားလိုက်သည်။

ဆူညံပွက်လောရိုက်နေသော မားကတ်သည် အရပ်ရှည်ပြီး ချောမောသော လင်းဆွေ့ကျိုး နှင့် အနည်းငယ် ဝေးကွာနေပုံရသည်။သူသည်အသားဆိုင်သို့သွားခဲ့ကာလတ်ဆတ်သောအမဲသားတစ်ချို့ကိုဝယ်ခဲ့သည်။နောက်ဆုံးမှာ သူကပင်လယ်စာဆိုင်သို့သွားခဲ့ပြီး ချင်းချင်း၏အကြိုက်ဆုံးဖြစ်သည့် ပုစွန်နှင့်ဂဏန်း ကိုဝယ်ခဲ့သည်။ဒီလိုနေရာမျိုးကိုလာတာဟာ သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သော်လည်း သူသည် အစားအသောက်ပစ္စည်းများကို ရွေးချယ်ဝယ်ယူရာတွင် အလွန်ကျွမ်းကျင်ပုံရသည်။

လျန်ရှန့်က ပစ္စည်းတွေကို သယ်ထားဖို့ တာဝန်ရှိတဲ့အတွက် နောက်မှလျှောက်လာခဲ့သည်။

"ချူယီ အခုဘယ်အချိန်ရှိပြီလဲ"

ချူယီက နာရီကို တစ်ချက်ကြည့်ပြီး

"အခု ခုနှစ်နာရီခွဲပြီ၊ပါး"

"စူပါမားကတ်ကနေ အိမ်ပြန်ကြစို့"

လျန်ရှန့် ၏ မျက်လုံး‌လေးများက တောက်ပလာကာ ရှေ့သို့ လျှောက်သွားပြီး ခေါင်းကိုမော့လိုက်ရင်း
"ပါးပါး၊ ဒါဆို သား မုန့်သွားဝယ်လို့ရမလား"

မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး Completed✓Where stories live. Discover now