ခရီးဆောင်အိတ်တွေအကုန်လုံးကို ဧည့်ခန်းထဲသို့ယူခဲ့ပြီးနောက်မှာ ကျန်းထျန် အိတ်‌တွေကိုအပေါ်ထပ်ကိုရွှေ့ပေးဖို့ အစေခံတွေကို အကူအညီတောင်းခဲ့သည်။

သူတို့ လင်း‌အိမ်တော်ကိုစောစောရောက်ပြီးအောက်ထပ်မှာအသံတွေဆူညံနေတဲ့အတွက်ကြောင့် အခန်းထဲမှာအိပ်နေသောလင်းဆွေ့ကျိုးကို နှိုးလိုက်မိသလိုဖြစ်သွားသည်။လင်းဆွေ့ကျိုးသည် သိုးမွေးအင်္ကျီကို‌ဝတ်ထားပြီး အနည်းငယ်ငိုက်မြည်းနေတဲ့အကြည့်တွေနှင့်လှေကားထိပ်မှာရပ်နေခဲ့သည်။

လင်းဆွေးကျိုး ခရီးဆောင်အိတ်တွေကိုကြည့်ရင်း မျက်းခုံးပင့်လိုက်ပြီး

"အိတ်တွေကို အိပ်ခန်း‌ထဲ ရွှေ့လိုက်တော့ "

အစေခံက ချီတုံချတုံဖြင့်
"သခင်ကြီးရဲ့ အခန်းကိုလား ဒါမှမဟုတ်...."

Xiao Gao က သူ့ဘေးက အစေခံကို တံတောင်ဖြင့်တို့ပြီး လေသံခပ်တိုးတိုးနှင့်

"ဟုတ်တယ် သခင်ကြီးရဲ့ အခန်းပဲ မေးနေစရာကိုမလိုဘူး "

အသစ်ဝင်လာတဲ့အစေခံက သေချာပေါက်ကို ဉာဏ်မမှီရှာဘူးပဲ။

Xiao Gao ဆီက အရိပ်အမြွက်သိပြီးတဲ့နောက်မှာ အစေခံသည် ခရီးဆောင်အိတ်တွေကို သယ်ပြီးအပေါ်ထပ်ကိုတက်ခဲ့တော့သည်။

လင်းဆွေ့ကျိုး ဘေးကိုလှည့်လိုက်ကာ သူ့မျက်လုံးတွေသည် အစေခံကိုကျော်ပြီး ကျန်းထျန်ပေါ်မှာ ကျရောက်လာတော့သည်။

သူမကိုစိုက်ကြည့်နေတဲ့အတွက် ကျန်းထျန် နဲနဲမသက်မသာဖြစ်လာပြီး
"ရှင်ဘာလုပ်နေတာလဲ"

လင်းဆွေ့ကျိုးရီလိုက်ပြီး နွေးထွေးစွာဖြင့်

"အိမ်ကနေ နွေးထွေးစွာ ကြိုဆိုပါတယ်။
ထျန်ထျန်"

အရူး!!

ကျန်းထျန်သည် မျက်နှာတစ်ခုလုံးနီရဲလာပြီး သူမခေါင်းကိုလှည့်လိုက်တော့သည်။

ညစာစားပြီးနောက်မှာ ချင်းချင်းသည် 'ဘဝထဲတွင်ခရီးသွားခြင်း' အစီအစဉ်ကို ကြည့်ချင်နေသည်။
ဒီနေ့သည် 'ဘဝထဲတွင်ခရီးသွားခြင်း' အစီအစဉ်၏နောက်ဆုံးအပိုင်းဖြစ်ပြီးတော့ သူတို့ကျောင်းရှီရွာတွင် ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ ကို ပရိတ်သတ်တွေသိအောင်ထုတ်လွင့်ပြသမည့်နေ့ ဖြစ်မှန်းကျန်းထျန်သတိရသွားခဲ့သည်။

မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး Completed✓Where stories live. Discover now