EPISODE (5)

14K 1.1K 4
                                    

Unicode

သခင်လေးကိုလာရောက်ချောင်းမြောင်းရင်းသစ္စာခံဖြစ်သွားတယ်တဲ့ !

           
မင်္ဂလာအကြိုခန်းမဆောင်သည် ရွှေနန်းတော်၏အနောက်ဘက် မိဖုရားများအနောက်ဆောင်၏အရှေ့တည့်တည့်တွင်ထည်ဝါစွာတည်ရှိနေသည်။ မင်္ဂလာအကြိုခန်းမဆောင်သည် ရွှေပိန်းချထားသောကျွန်းတိုင်များဖြင့်တည်ဆောက်ထားပြီး အနောက်ဘက်တွင်မူ ပင်မဆောင်ကြီးနှင့်တကွအဆောင်ငယ်နှစ်ဆယ်ကျော်ပါ၀င်သည်။ဧကရာဇ်၏အနောက်ဆောင်သို့ မိဖုရားအဖြစ်မ၀င်ရောက်မီ   ဤအဆောင်တွင်မိမိတို့သက်ဆိုင်ရာ ရာထူးအဆောင်အယောင်အလိုက် မင်္ဂလာအကြိုခန်းမဆောင်တွင် နေရာရလေသည်။

ဟန်တျာသည် မြင့်မြတ်သောဧကရီအရှင်မြတ်လောင်းလျာဖြစ်သဖြင့် အကြိုခန်းမဆောင်၏ပင်မအဆောင်တွင် စံမြန်းရပြီး ရွှေနန်းတော်၏ အဆင့်မြင့်အထိန်းတော်ကြီး လေးယောက်၏အကူအညီဖြင့် ရွှေနန်းတော်ဓလေ့ထုံးတမ်းများနှင့် နန်းတက်ပွဲတွင်ပြုမူ နေထိုင်အပ် ပုံများကို သင်ကြားပြသခံရသည်။ ပင်မဆောင်သည်ကျယ်၀န်းပြီးအမြဲတစေအေးချမ်းသောခံစားမှုကိုဖြစ်စေသည်။အဆောင်ရှိဧည့်ခန်းမဆောင်မှာကျယ်၀န်းပြီး ခန်းမအလယ်ရှိရွှေပိန်းချပလ္လင်မှာ ဤအဆောင်၏အဆင့်အတန်းကိုပေါ်လွင်စေသည်။ထို့အပြင်ဧည့်ခန်းမရှိ လူတစ်
‌ေယာက်အရွယ်ပြတင်းတံခါးများမှတစ်ဆင့် အဆောင်အတွင်းရှိဥယျာဉ်ငယ်လေးကို ပါလှမ်းမြင်နိုင်လေသည်။ဥယျာဉ်တော်အတွင်းတွင် အထင်ရှားဆုံးအပင်မှာ နှင်းဆီနီပင်များဖြစ်လေသည်။သေချာစွာပြုစုပျိုးထောင်ထားခံရမှုကြောင့် နှင်ဆီပန်းနီနီများများမှာ လှပစွာ ငွားငွားစွင့်စွင့် ရှိနေကြသည်။

တစ်နေကုန်သင်ကြားပြသမှုပြီးသည့်နောက်တွင်မူ ဟန်တျာသည် ပင်ပန်းနွမ်းနယ်မှုကိုခံစားနေရပြီဖြစ်သည်။ထို့အပြင် နောက်‌တစ်နေ့မနက် နန်းတက်ပွဲအခမ်းအနား ရှိသဖြင့်ကောင်းစွာအနားယူဖို့ရာလိုအပ်ပြီဖြစ်သဖြင့် သင်ကြားပြသပေးသော အထိန်းတော်များမှာလည်း ဆက်လက်၍မနှောက်ယှက်ရဲတော့ပေ။

             " ဒါဆိုရင်ဖြင့် ဒီအစေခံများကိုခွင့်ပြုပါဦး သခင်လေးဘုရား။သခင်‌လေး ကောင်းကောင်းအနားယူနိုင်ဖို့မျှော်လင့်ပါတယ်။"

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း[COMPLETE]Where stories live. Discover now