Real Life

6.6K 476 6
                                    

<Unicode>
၁၆နှစ်ခန့်ကြာသော်.....

"လူကြီးလေးရေ!လူကြီးလေး!"

"လာပီ လာပီ!မနက်စောစောစီးစီး လာအော်နေပြန်ပီ!"

ဝေယံအိပ်ချင်မူးတူးဖြင့်တံခါးသွားဖွင့်ပေးလိုက်သည်။မကြည့်ရင်တောင်ဘယ်သူလဲဆိုတာသိနေတာမို့တံခါးဖွင့်ပီးတာနဲ့ပြန်အိပ်ဖို့အပေါ်တက်ရန်လုပ်တော့..

"လူကြီးလေးကပြန်အိပ်မလို့လား"

"အေးလေ ခုမှ၆နာရီပဲရှိသေးတာကို မင်းသာစောစောစီးစီးလူမှုရေးနားမလည်ပဲလာအော်နေတာ"

"ဟုတ်ပါပီဗျာ ကျနော့်အပြစ်ပါ လူကြီးလေးပြန်အိပ် ကျနော်ကလူကြီးလေးအတွက်မနက်စာပြင်ထားပေးမယ် ဟုတ်ပီလား"

ဝေယံဘာမှပြန်မပြောပဲအိပ်ခန်းဆီသွားကာပြန်အိပ်လိုက်သည်။အဲ့ကလေးကသူ့ကိုအရမ်းကပ်လွန်းတယ်။ငယ်ငယ်ကတည်းကပဲ ခေါ်တာကလဲကြည့်အုံးလူကြီးလေးတဲ့ သူ့ထက်နှစ်၂၀တောင်ကြီးတဲ့သူကိုလေ။အဲ့လိုမခေါ်ပါနဲ့လို့လဲပြောလို့မရ သူ့လက်ပေါ်မှာပဲကြီးလာတဲ့ဒီကောင်လေးက၁၆နှစ်ထဲနဲ့အရပ်ကသူ့ထက်ခေါင်းတစ်လုံးပိုရှည်နေပီ။သူကပုတာမဟုတ်ဘူးနော် အဲ့ကောင်လေးကိုကရှည်နေတာ။

>>>>>

"လူကြီးလေးနိုးပီလား ကျနော်လာခေါ်တော့မလို့ပဲ"

"မင်းအဖေက ပထုတ်လိုက်ပြန်ပီလား"

"မဟုတ်ဘူး ဒီတစ်ခါကျနော်ဘာသာရှောင်ပေးတာ အချစ်ငှက်လေးတေအေးဆေးနေလို့ရအောင်"

*ပီးတော့ခဗျားလေးနားနေချင်လို့*

"မင်းပါးပါးအောက်ပိုင်းရောလှုပ်လို့ရသေးရဲ့လား ဟင့်"

ဆူပုတ်ပုတ်လေးနဲ့မနက်စာစားနေတဲ့လူကြီးလေးကိုမိုင်လိုချစ်မဝဖြစ်နေသည်။သူလေးစိတ်ဆိုးလဲဆိုးချင်စရာပေ ဖေဖေကသူ့showroomတစ်ခုလုံးကိုဒီလူကြီးလေးကိုလွဲပီး ပါးပါးနားမှာပဲ24hrကပ်နေတယ်။ဒါတင်မကသေးဘူး သူ့ကိုပါအိမ်ကနေအမြဲမောင်းထုတ်တတ်သေးသည်။ဒါမျိုးကတော့မိုင်လိုတို့အကြိုက်ပေါ့ ဖေဖေ့ကိုအကြောင်းပြပီးဒီလူကြီးလေးအိမ်မှာအနည်းဆုံးတစ်လလောက်တော့သောင်တင်နေလို့ရတယ်လေ။

Save Him(Completed)Where stories live. Discover now