ဘင်း(Arc -7.1)

6.1K 587 6
                                    

<Unicode>
"မလုပ်ပါနဲ့တော့ သူအရမ်းနာနေပီလေ"

"မင်းနဲ့မဆိုင်ရင်ဝင်မပါနဲ့ကောင်လေး!"

"သူကဦးလေးကိုဘာလုပ်လို့လဲ"

"သူကငါ့ငါးတေကိုခိုးဖို့လုပ်နေတာလေ"

"ငါးတေကအသက်ရှူခက်နေကြတယ် ရေထဲပြန်လွှတ်ပေးမလို့"

ပြောလိုက်သူကဘင်းသာ...

"စောက်အရူးကောင်ကတော့!!"

"တော်ပါတော့ အခုဦးလေးငါးတေကိုပြန်ရနေပီပဲမဟုတ်လား သူ့ကိုလွှတ်ပေးလိုက်ပါတော့"

"တောက်စ်!အလကားအရှုပ်ကောင်တေ"

ထိုငါးစိမ်းသည်ဦးလေးကြီးကမကျေမချမ်းဆဲဆိုကာလှည့်ထွက်သွားတော့သည်။ထိုအခါမှလုံသူ့အောက်ကလူကိုငုံ့ကြည့်မိတော့ထိုလူကလဲသူ့ကိုစိုက်ကြည့်နေသည်။

"ရရဲ့လား"

"...."

"ထနိုင်လားဗျ"

"သား အဆင်ပြေရဲ့လား"

အနားရောက်လာတဲ့ဒေါ်ဒေါ်ကသူထိခိုက်သွားမှာစိတ်ပူနေဟန်။

"ပြေပါတယ်ဒေါ်ဒေါ် ဒီကိုကို့ကိုကူညီပေးလို့ရမလားဟင်"

"အေးကွယ် ဒီကသားလေးကဘယ်မှာနေတာလဲ"

ဘင်းဘာပြန်ပြေရမလဲမသိတာကြောင့်ခေါင်းသာခါပြလိုက်သည်။

"အယ် ကိုယ်နေတဲ့နေရာကိုမသိဘူးလား ဒါဆိုနာမည်ကရော"

ခေါင်းခါပြပြန်သည်...

"ဟယ် နာမည်တောင်မသိဘူး ဘယ်လိုလုပ်ကြမလဲ"

"ဟို သားတို့အိမ်ကိုခေါ်သွားရင်ရော"

"သားလေးအရိုက်ခံနေရပါဦးမယ်ကွယ်"

"ရပါတယ်ဒေါ်ဒေါ် ဒီကိုကိုကဒုက္ခရောက်နေပုံရတယ် သားတို့ကူညီကြရအောင်နော်"

"ဟင်းး သားရယ် ဖြူစင်လိုက်တာ ဒါဆိုဒီလိုလုပ်သူ့ကိုခေါ်သွားမယ် ဒါပေမယ့်သားကဒေါ်ဒေါ်ပြောတဲ့အတိုင်းပဲလုပ် ဟုတ်ပီလား"

"ဟုတ်"

ဘင်းသူ့ရှေ့ကကောင်လေးကိုသိပ်ကိုရင်းနီးနေတယ်လို့ခံစားနေရသည်။သို့ပေမယ့် မရှိတဲ့မှတ်ဉာဏ်ကိုရှာဖွေလို့မရပြန်ဘူး။

Save Him(Completed)Where stories live. Discover now