"ကလေးအဖေရှင့်!ကျမပဲခေါ်သွားပေးလိုက်ပါ့မယ်"

နက်စ်မလေးကပဲကလေးကိုလေပြည့်လက်ထဲထည့်ပေးရတော့သည်။နီတာရဲသေးသေးလေးကမွေးဖခင်ကိုသိသည့်နှယ်ဆက်မငိုတော့ပဲ ရင်ဘတ်ကိုသူ့လက်သေးသေးလေးတေနဲ့လိုက်စမ်းနေသည်။

"ဟို ကလေးကနို့ဆာနေတာပဲ ကလေးအဖေကနို့မထွက်နိုင်တော့ ကလေးသောက်လို့ရမယ့်နို့မှုန့်အမျိုးစားကိုဒီကအကိုကလိုက်ယူပါ"

"ဟုတ်ကဲ့ဗျ"

"bossကျနော်ပါလိုက်မယ်"

"အင်း လာ"

အားလုံးထွက်သွားတော့အခန်းထဲတွင်လေပြည်နဲ့နီတာရဲလေးသာကျန်နေခဲ့သည်။လေပြည်သူ့ရင်ဘတ်ကိုအတင်းစမ်းနေတဲ့အသေးလေးကြောင့်ငိုချင်လာသည်။သူကနို့မထွက်နိုင်တာကြောင့်သူ့ရဲ့သားလေးကဗိုက်ဆာနေရပီ။အကျင်္ီလေးလှန်ပေးလိုက်တော့ပါးစပ်သေးသေးလေးနဲ့သူ့နို့ကိုဟပ်ကာအားရပါးရစို့တော့သည်။မိခင်မေတ္တာဟာဒါပါလားဟုလေပြည်တွေးကာပီတိဖြစ်မိသည်။နီတာရဲလေးကိုနို့တိုက်ရင်းပဲပင်ပန်းလွန်းတာကြောင့်မှေးကနဲအိပ်ပျော်သွားသည်။မထွက်တဲ့နို့ကိုအားရပါးရစို့နေတဲ့အသေးလေးကလဲမကြာခင်မှာအိပ်ပျော်သွားတော့သည်။

ိုတိမ်တိုက်နို့မှုန့်တေယူပီးအခန်းထဲပြန်ဝင်လာတော့ကြည်နူးစရာမြင်ကွင်းလေးကစောင့်ကြိုနေသည်။သူ့ရဲ့သားလေးကသူ့ကလေးရဲ့နို့ကိုငုံလို့အိပ်ပျော်နေသည်။ကိုယ်ဝန်ဆိပ်ကြောင့်အနည်းငယ်အဆီပိုရှိနေသည့်ရင်သားလေးကဖောင်းကြွကြွနဲ့ နို့မထွက်တစ်ခုပဲ။ဘယ်လိုပြောရမလဲ မန်ထိုပေါက်စီအသေးစားလေးလိုပေါ့။

"boss ဒါကလိုအပ်တဲ့ဆေး..."

"မကြည့်နဲ့!!!"

တိမ်တိုက်ရဲ့အမိန့်ပေးသံကြောင့်ဝေယံချက်ချင်းနောက်ပြန်လှည့်ရတော့သည်။

"မင်းမြင်သွားသေးလား!!"

"ဘာကိုမြင်ရမှာလဲbossရဲ့"

"ဟူးး တော်သေးတာပေါ့ ထွက်အပြင်!နောက်လှည့်မကြည့်နဲ့"

"ဗျာ?ဘာလို့လဲ"

"ငါပြောတဲ့အတိုင်းလုပ် မကြည့်နဲ့ဆိုမကြည့်နဲ့!"

ဝေယံမှာကြောင်တောင်တောင်နဲ့အပြင်ထွက်သွားရသည်။ဝေယံအပြင်ရောက်တော့မှ အသေးလေးငုံထားတဲ့နို့ကိုဖြည်းဖြည်းလေးဆွဲထုတ်ပေးလိုက်တော့ထိမိလိုက်တဲ့ပျော့အိအိအထိတွေ့လေးကြောင့်သူ့ခေါင်းမွေးများပင်ထောင်သွားတော့သည်။

Save Him(Completed)Where stories live. Discover now