"ကလေးအတွက်တခြားသူတေရဲ့အမြင်ကိုမလိုအပ်ဘူး ကိုကိုလေးနဲ့အသေးလေးရဲ့အမြင်မှာချစ်ရသူတစ်ယောက် ဖခင်တစ်ယောက်ဖြစ်ရင်ရပီ အသေးလေးသာမိခင်လိုချင်တယ်ဆိုရင်လဲကလေးကမိခင်ဖြစ်ပေးဖို့ဝန်မလေးဘူးကိုကိုလေး ဘာလို့ဆိုကလေးကဒီမိသားစုလေးကိုအရမ်းတန်ဖိုးထားလို့ပဲ"

သိပ်သတ္တိရှိတဲ့ကလေးငယ်ရယ်ပါ.....

.......

"ကိုကိုလေး လာပါအုံး ကလေးကိုကူရွေးပေး အသေးလေးအတွက်ဘယ်အရောင်လေကပိုလှလဲရင်"

ဖုန်းထဲကosမှာဝေယံနဲ့နှစ်ယောက်သားခေါင်းချင်းဆိုင်လို့ကလေးအကျင်္ီမှာရန်လုပ်နေသည်။

"ကိုယ်တော့အပြာရောင်လေးလှတယ်ထင်တယ်"

"ဟွန်းး ဘာလို့အပြာရောင်လဲ"

"အပြာရောင်က သားသားလေးကိုကိုယ်စားပြုတယ်လေ"

"မီးမီးလေးမွေးလာရင်ရော"

အက်ထရာဆောင်းမရိုက်ချင်ပဲမွေးလာမှကြည့်မယ်ဆိုတဲ့ကလေးငယ်ကသူသမီးလေးမွေးရင်မချစ်မှာစိုးရိမ်နေသည်။

"ဒါဆိုပန်းရောင်လေးပါယူလိုက်လေ ဒါဆိုဘာလေးမွေးမွေးအဆင်ပြေတာပေါ့"

သားလေးပဲမွေးမှာကြိုသိနေပေမယ့်ကလေးငယ်စိတ်ချမ်းသာဖို့ကအဓိကသာ။

"အဝါရောင်လေးလဲလှတယ် လေပြည်ရဲ့"

"အာ့ဆို မှာလိုက်မယ် အာ့!"

ရုတ်တရက်ဗိုက်ကိုကိုင်ကာနာကျင်ဟန်ရှိလာတဲ့ကလေးငယ်ကြောင့်တိမ်တိုက်ပြာသွားသည်။

"ကလေး!"

"ကိုကိုလေး အား ဗိုက်နာတယ် အား မွေးတော့မယ်ထင်တယ်"

"အားတင်းထားကလေး!ဝေယံလိုအပ်တာတေယူပီးဆေးရုံလိုက်ခဲ့!!"

"ဟုတ်ကဲ့boss"

တိမ်တိုက် လေပြည့်ကိုယ်လေးအားပွေ့ချီလို့ကားပေါ်တင်ပီးအရှိန်တင်ကာမောင်းလိုက်သည်။သူလေးကဘေးမှာဗိုက်လေးကိုဖိလို့ငိုနေသည်။

"ကလေး စိတ်အေးအေးထားရောက်တော့မယ်!"

"နာတယ် ကိုကိုလေး အီး အ့!"

Save Him(Completed)Where stories live. Discover now